ကိုဗစ်၁၉ ကာကွယ်ဆေးကို Booster အဖြစ်ထပ်တိုးထိုးနှံမှုတွေကို ရပ်ဆိုင်းထားဖို WHO တောင်းဆို

0
212

ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေးထိုးနိုင်ဖို အတွက် ဖွ့ံဖြိုးပြီးနိုင်ငံတွေအနေနဲ့ ကိုဗစ်၁၉ကာကွယ်ဆေးကို Booster အဖြစ် နောက် တကြိမ် ထပ်တိုးထိုးနှံမှုတွေကို လာမယ့် စက်တင်ဘာလကုန် ထိလောက်တော့ အနည်းဆုံးထားပြီး ခေတ္တရပ်ဆိုင်းကြဖို ကမ္ဘာ့ကျန်းမာရေး အဖွဲ WHO က မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးသားသူတွေက ကာကွယ်ဆေးကို Booster အဖြစ် ထပ်မံထိုးနေကြတာတွေကို ခဏလောက် ရပ်ဆိုင်းပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုတာပါ။

“အစိုးရတိုင်းက သူတိုပြည်သူတွေကို ဒယ်လ်တာကိုဗစ် ၁၉ ကူးစက်ခံရမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် တချိုနိုင်ငံတွေမှာ ကာကွယ်ပထမဦးစားပေးထိုးနှံရမယ့်သူတွေကိုတောင် ပထမအကြိမ်ထိုးနှံပေးဖို ကျန်နေသေးတာကြောင့် ဖွ့ံဖြိုးပြီး နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ကာကွယ်ဆေး ရရှိနိုင်မှုအများစုကို လိုအပ်တာထက် ပိုပြီးတော့သုံးနေကြတာကိုတော့ ကျနော်တို အနေနဲ့ လက်ခံပေးလိုမရဘူး” လို ဒေါက်တာတက်ဒရိုပြောပါတယ်။

“WHO အနေနဲ့ လာမယ့်လမှာ နိုင်ငံတိုင်းရဲ့ လူဦးရေ ၁၀% ကို ကာကွယ်ဆေးထိုးပေးနိုင်ဖိုကိုလည်း မျှော်မှန်းထားပါတယ်။ဒီ့အတွက် ကမ္ဘာ့ကာကွယ်ဆေးရရှိနိုင်မှုကို ထိန်းချုပ်နေတဲ့ နိုင်ငံများနဲ့ ကုမ္ပဏီအချိုရဲ့ ပူးပေါင်းမှုကို လိုတယ် “လိုလည်း ဒေါက်တာတက်ဒရို က ဆိုထားပါတယ်။

လက်ရှိမှာ ဝင်ငွေနိမ့်တိုင်းပြည်တွေအနေနဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး ရရှိနိုင်မှုဟာ လူ ၁၀၀ မှာ ၁.၅ % သာ ရရှိနိုင်လိမ့်မယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here