ယခင်လကထက် ကိုဗစ်ကူးစက်နှုန်း ထက်ဝက်နီးပါး ကျဆင်းသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဆို

0
146

နေပြည်တော် ဩဂုတ် ၇

ပြည်တွင်းမှာ ကိုဗစ်(၁၉)ကူးစက်နှုန်းက ယခင်လကထက် စာရင် (၄၅)ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောလိုက်ပါတယ်။

နေပြည်တော်က ကျန်းမာရေးဝန်ကြီး ရုံးမှာပြုလုပ်ခဲ့တဲ့ ကိုဗစ်(၁၉)ကာကွယ် ကုသထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး အစည်းအဝေ းမှာ ဝန်ကြီးက အခုလို ပြောလိုက်တာပါ။

ကိုဗစ်(၁၉)ရောဂါ ကို မြို့တွေအလိုက် သတ်မှတ်ထိန်းချုပ်‌ နေတာဖြစ်ပြီး တချို့ဒေသတွေမှာ ကူးစက်နှုန်း လျော့ကျလာပြီ ဖြစ်ကာတချို့နေရာတွေမှာတော့ တန့် နေတဲ့အခြေအနေ ရှိနေတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ကိုဗစ်ပိုးတွေ့လူနာများ အနက် သေဆုံးမှုမြင့်မားသူများမှာ မိမိနေအိမ်များတွင် ကုသ နေခြင်းကြောင့်ဖြစ်ပြီး လ်ိုအပ်တဲ့ ကုသမှုများ မရရှိတာကြောင့် ကိုဗစ်ဖြစ်ပွားတယ်လို့ သံသသယရှိတာနဲ့နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး လမ်းညွှန်မှုခံယူကုသကြဖို့ တိုက်တွန်းခဲ့ပါ‌ သေးတယ်။

ကိုဗစ်(၁၉)ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဒေသန္တရ အမိန့်တွေအပါအဝင် stay at home မြို့များကြေညာခြင်း၊ ကာကွယ်ဆေ းထိုးနှံပေးခြင်းများကိုလည်း ဆက်တိုက်ဆောင်ရွက်နေတယ် လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here