မန္တလေးတိုင်းအတွင်းကိုဗစ်ကြောင့် တစ်ရက်ပျမ်းမျှ ၆၀ဝန်းကျင်သေဆုံးလျှက်ရှိ

0
112

မန္တလေးတိုင်းအတွင်း ကိုဗစ်ကူးစက်မှုဟာ တစ်ရက်ပျမ်းးမျှ အနည်းဆုံး ၆၀ဝန်းကျင်သေဆုံးလျှက်ရှိနေတယ်လို့ နစက ကျန်းမာရေးဝန်ကြီ းဌာနရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဇူလိုင်နောက်ဆုံးပါတ်အတွင်း ကိုဗစ်ကူးစက်မှု တစ်ရက် ၅၀၀ပင်မကျော်ခဲ့တဲ့ မန္တလေးတိုင်းဟာ ဇူလိုင်လကုန်ရက်ကစလို့ ဩဂုတ် ပထမပါတ်အတွင်း အချို့ရက်တွေမှာတစ်ရက်ကူးစက်မှု ၆၀၀ကျော်အထိ တိုးလာတာတွေ့ရပါတယ်။

မန္တလေးတိုင်းအတွင်း ကိုဗစ်ကြောင့် ဩဂုတ်လ၆ရက်က ၆၀ဦးသေဆုံးရာမှာ မန္တလေးခရိုင်က ၁၂ဦးရှိနေပါတယ်။ ဩဂုတ်လ၆ရက်က ၆၀ဦးသေဆုံးရာမှာလည်း မန္တလေးခရိုင်က ၉ဦးရှိနေပါတယ်။

မန္တလေးခရိုင်အပါအဝင် မန္တလေးတိုင်းထဲက မြို့နယ်၂၀ဟာ ကိုဗစ်ကူးစက်မှုတွေကြောင်ဘ Stay at Home သတ်မှတ်ခံထားရပါတယ်။

သေဆုံးမှုကိန်းဂဏန်းတွေဟာ နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်သာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကွာဟမှုလည်းရှိနိုင်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့တွေကမှတ်ချက်ပြုထားတာလည်းရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here