စင်ကာပူဆေးဝါးဆိုင်ရာအဖွဲ့တစ်ဖွဲ့မှ Covid-19 ရောဂါ ကုသဆေးတစ်မျိုး စီစဥ်နေ

0
410
စင်ကာပူနိုင်ငံမှ ဆေးဝါးသုတေသနအဖွဲ့တစ်ဖွဲ့ဟာ Covid-19 ရောဂါကိုကုသနိုင်မယ့် ဆေးဝါးသစ်တစ်မျိုး(သောက်ဆေး) ကို ရှိနေသော ဆေးဝါးများ ၁၂မျိုး ထဲမှ ပေါင်းစပ်၍ ကုသမူ့ထိရောက်နိုင်မည့် နည်းလမ်းများကို AI ဖြင့် စမ်းသပ်ရှာဖွေနေတယ်လို့ သိရပါတယ်။
အဆိုပါဆေးဝါးသုတေသနအဖွဲ့ကို National University of Singapore’s Institute for Digital Medicine ရဲ့ ဇီဝဗေဒပညာဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ပါမောက္ခ “ဒေါက်တာဟို” က ဦးဆောင်တာဖြစ်ပါတယ်။၎င်းသည် ကင်ဆာကုထုံးအတွက် ဆေးညွှန်ခြင်း၊ခီမိုဆေးသွင်းရာတွင် အကြိမ်အနည်းဆုံးနှင့်ထိရောက်မူ့ရှိအောင်နည်းလမ်းကြီဆခြင်းတို့တွင်လည်း နာမည်ကြီးခဲ့ဖူးသည်။
ပညာရှင်များက molnupiravir-baricitinib ဆိုသည့်စပ်ဆေးကို စမ်းသပ်ဖေါ်ထုတ်ထားပါသည်။
ဒီဆေးဝါးဟာ ဆားစ်ကိုဗီ-၂ အပြင် ကိုရိုနာဗိုင်းရပ်စ် ရဲ့ ဗီဇပြောင်းဗိုင်းရပ်စ်တွေဖြစ်တဲ့ ဘီတာ နဲ့ ဒယ်လ်တာ ဗိုင်းရပ်စ်များကိုပါ ကုနိုင်လိမ့်မည်ဟု DSO မှ ဒေါက်တာ‌ကောန်ရက်ဒ်ချန်းကဆိုသည်။
NUHမှ ကူးစက်ရောဂါဌာနခွဲ၏အတိုင်ပင်ခံ ဒေါက်တာလူးဝစ်ချိုင်းကတော့ ဒီစပ်ဆေးဟာ ရောဂါဝေဒနာအဆင့်တိုင်းအတွက် ထိရောက်မူ့ ရှိမရှိကို လက်တွေ့စမ်းသပ်ဖို့လိုသေးကြောင်းပြောပါတယ်။
အဆိုပါဆေးဝါးဟာ အပျော့စားကိုဗစ်ဝေဒနာရှင်တွေအတွက် ရည်ရွယ်ထားပြီး ဒီဆေးဝါးသာအောင်မြင်ခဲ့မယ်ဆိုရင်တော့ ဆေးရုံတက်ကုသစရာမလိုဘဲ အထွေထွေရောဂါကုဆရာဝန်များဖြင့်သာ ကုသနိုင်တော့မှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here