မွန်ဂိုလီးယားတွင် ရာသီဥတုဆိုးရွားခြင်းကြောင့် ၆လအတွင်း မွေးမြူရေးတိရစ္ဆာန် ၂ သန်းခွဲခန့်သေဆုံးခဲ့

0
138
အူလန်ဘတော၊ သြဂုတ် ၃
မွန်ဂိုလီယားနိုင်ငံတွင် ရာသီဥတုဆိုးရွားခြင်းကြောင့် ပထမနှစ်ဝက်ကာလအတွင်း မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၂ ဒသမ ၄ သန်းခန့်သေဆုံးခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဌာနမှ တနင်္လာနေ့က ထုတ်ပြန်သည်။
ယခုနှစ်အတွင်း မွန်ဂိုလီယားနိုင်ငံတွင် နှင်းမုန်တိုင်းများ၊ ဖုန်မှုန့်မုန်တိုင်းများနှင့် လေအေးစီးကြောင်းများ ဆိုးရွားစွာပေါ်ပေါက်ခဲ့ရာ၊ ယင်းသည် မွေးမြူရေးတိရစ္ဆာန်များသေဆုံးရခြင်း၏ အကြောင်းရင်းဖြစ်သည်။
မွန်ဂိုလီးယားနိုင်ငံ ပြည်နယ် ၄ ခုတွင် မွေးမြူထားသော တိရစ္ဆာန် ၇၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့ကြရသည်။
ထိုသို့သေဆုံးသော တိရစ္ဆာန်များ၏ ၉၀ ရာခိုင်နှုန်းမှာ သိုးများနှင့်ဆိတ်များဖြစ်ကြသည်။
မွန်ဂိုလီးယားနိုင်ငံသည် တိရစ္ဆာန်ထွက်ကုန်များကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် အားထားနေရသောနိုင်ငံဖြစ်ပြီး နိုင်ငံ၏ ပြည်သူ ၄၀ ရာခိုင်နှုန်းသည် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိကြသည်။
Ref: 2.4 mln heads of livestock killed in Mongolia in H1 due to severe weather
Photo: AP, AFP, BBC


LEAVE A REPLY

Please enter your comment!
Please enter your name here