ကိုဗစ်(၁၉)ကာကွယ်၊ကုသဆေးများကို တိုင်းရင်း‌ ဆေးဝါးများဖြင့်လည်း သုတေသနပြုရန် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်တိုက်တွန်း

0
134
နေပြည်တော် ဩဂုတ် ၃
ကိုဗစ်(၁၉)အတွက် ကာကွယ်ဆေးများကို ပြည်ပနိုင်ငံများကနေ မှာယူနေသလိုပြည်တွင်းမှာလည်း ထုတ်လုပ်နိုင်ရန် ကြိုးစားကြဖိုနဲ့ ကာကွယ်ကုသဆေးတွေကို တခြားနိုင်ငံများနည်းတူ တိုင်းရင်းဆေးဝါး သစ်ဥသစ်ဖုတွေနဲ့ စမ်းသပ်သု‌တေသနပြုထုတ်လုပ်ကြဖို နစက ဥက္ကဌ ၊အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က တိုက်တွန်းလိုက်ပါတယ်။
မနေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်(၁၉)ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးဆိုင်ရာ (၆)ကြိမ်မြောက်အစည်းအဝေးမှာ ကာကွယ်ဆေးထုတ်လုပ်ဖို အပိုင်းမှာ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။
ကာကွယ်ဆေးတွေကို သတ်မှတ်ရက်များအတိုင်း တိကျစွာ ထိုးနှံနိုင်ဖိုအတွက်စနစ်တကျ‌ ဆောင်ရွက်ကြဖိုနဲ့ လိုအပ်တဲ့ကာကွယ်ဆေးတွေ အချိန်မှီရောက်ရှိအောင်လည်း ဆောင်ရွက်ကြဖို ပြောဆိုခဲ့ပါတယ်။
ကာကွယ်ဆေးဝယ်ယူဖိုနဲ့ သုတေသန ပြုလုပ်ကြဖို လိုအပ်တဲ့ငွေကြေးကို နိုင်ငံတော်က ထုတ်ချေးပေးသွားမယ်လိုလည်း နစက ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here