ရခိုင်ပြည်နယ်မှာ အသက် ၆၅ နှစ်အထက်အဘိုး ၊အဘွားများကို ကာကွယ်ဆေးထိုးနှံပေး

0
209
မာန်အောင်၊ဩဂုတ်၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မာန်အောင်မြို့မှာ အသက် ၆၅နှစ်နဲ့အထက် အဘိုး၊အဘွားတွေကို ဒီနေ့မှာကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့သိရပါတယ်။
သြဂုတ်လ ၃ရက် ဒီနေ့မှာတော့ အ.ထ.က(၂)၊အ.ထ.က(၄)၊အ.ထ.က(၇)၊အ.ထ.က(၉)၊မြို့နယ်အထွေထွေဦးစီးဌာနခန်းမ စတဲ့နေရာ ၅ နေရာမှာ ကာကွယ်ဆေးထိုးနှံပေးခဲ့တာဖြစ်ပြီး သြဂုတ်လ ၄ရက် မနက်ဖြန်မှာတော့ ခိုင်သဇင်ပန်းခြံနဲ့ ဦးဥတ္တမခန်းမ စတဲ့ ၂ နေရာမှာပါတိုးပြီး စုစုပေါင်း ၇ နေရာမှာ ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ တာဝန်ရှိသူတွေကပြောပြကြပါတယ်။
တစ်ရက်အတွင်း နေရာတစ်နေရာကို ၁၅၀ဦးဝန်းကျင် ကာကွယ်ဆေးလာရောက်ထိုးနှံကြပြီး ကာကွယ်ဆေးရရှိနိုင်မှုအပေါ်မူတည်ပြီး ရက် ၂၀ ဝန်းကျင်ကြာ ထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ကျန်းမာရေးဌာန၊ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့အသင်းအဖွဲ့တွေကလည်း ပြည်နယ်ထဲ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဥ် အောင်မြင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
“ကာကွယ်ဆေးမထိုးရသေးတဲ့သူ မည်သူမဆို ကာကွယ်ဆေးလာရောက်ထိုးနှံစေချင်ပါတယ်။ အခွင့်အရေးရတုန်း ကာကွယ်ဆေးကို ထိုးစေချင်ပါတယ်။ ကာကွယ်ဆေးထိုးထားရင် တစ်စုံတစ်ရာထူးခြားမှုတော့ရှိမှာပါ။ ကာကွယ်ဆေးထိုးဖို့လည်း ကျွန်တော်တိုက်တွန်းချင်ပါတယ်” လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းကပြောပါတယ်။
Photo _ Rakhine Fire Force


LEAVE A REPLY

Please enter your comment!
Please enter your name here