နေပြည်တော်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ အစုလိုက်ထိုးနှံပေးလျက်ရှိ

0
233

နေပြည်တော် ဩဂုတ် ၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီချိန်မှစ၍ ဆေးထိုးစုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားစာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေး ကောင်းမွန်သူများကိုသာ‌ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများ နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ကို စနစ်တကျထိုးနှံ ဆောင်ရွက်ပေးကြသည်။

” အခုအကြိမ်မှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ(၂)ဦး နှုန်းနဲ့ စုစုပေါင်း လူဦးရေ သိန်းဂဏန်းကို ထိုးနှံပေးမှာပါ။ ကာကွယ်ဆေးထိုးဖိုကျန်ရှိနေသူတွေကိုလည်း ကာကွယ်ဆေးရတဲ့အခါ ထမ်မံထိုးနှံသွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုကို မြိုနယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးထိုးအဖွဲ၊ တပ်မတော်မှ ဆေးအဖွဲများက အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို စနစ်တကျထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here