ထိုင်းတွင် တစ်နေ့အတွင်း COVID-19 လူနာသစ်တွေ့ရှိမှု ၂ သောင်းကျော်သို့ ပထမဆုံးရောက်ရှိ

0
219
ဘန်ကောက်၊ သြဂုတ် ၄
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၂၀၂၂၀ ကိုစစ်ဆေးတွေရှိခဲ့ပြီး၊ ယင်းသည် COVID-19 ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံဝယ် တစ်နေ့တာအတွင်း အများဆုံးတွေ့ရှိမှုဖြစ်သည်။
ထပ်မံသေဆုံးသူ ၁၈၈ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၅၅၀၃ ဦးရှိလာကာ၊ ကူးစက်ခံရသူ စုစုပေါင်းမှာ ၆၇၂၃၈၅ ဦးရှိပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင် တနင်္လာနေ့အထိ လူဦးရေ ၁၈ သန်းခွဲခန့်ကို ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပြီးဖြစ်ကာ၊ နိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးနှံပြီးစေရန် အစိုးရက ဦးတည်ချက်ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Ref: Thailand’s daily COVID-19 cases surpass 20,000 for 1st time


LEAVE A REPLY

Please enter your comment!
Please enter your name here