ဗြိတိန်ရဲ့အသက်အငယ်ဆုံး အိုလံပစ်ဆုရှင်ဖြစ်လာတဲ့ Sky Brown

0
114
၂၀၂၀ တိုကျိုအိုလံပစ်ရဲ့ အမျိုးသမီးစကိတ်စီးပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံမှဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ Sky Brown ဟာ ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲယှဥ်ပြိုင်နေစဥ်အတွင်းမှာ သူမရဲ့အသက်ဟာ ၁၃ နှစ်နဲ့ ၂၈ ရက်သာရှိသေးတဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံးဆုတံဆိပ်ရှင်ဖြစ်လာခဲ့တာပါ။
ဂျပန်နိုင်ငံသူနဲ့ ဗြိတိန်နိုင်ငံသားတို့မှ သူမကိုမွေးဖွားခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံ Miyazaki ဆိုတဲ့မြို့လေးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
သူမအသက် ၈ နှစ်မှာလည်း US Open 2016 မှာ ယှဥ်ပြိုင်ခဲ့ဖူးပြီး သူမဟာ အိုလံပစ်ရဲ့ ၈၅ နှစ်အတွင်းမှာ အသက်အငယ်ဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
“ဒီနေ့မှာ ကမ္ဘာကြီးကို စကိတ်အားကစားဟာ ဘယ်လောက်လှပလဲဆိုတာ ပြသရတော့မှာဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားပါတယ်။ ဒီကစားနည်းက ဘယ်လောက်ပျော်ဖို့ကောင်းလည်းဆိုတာ လူတွေကိုပြသရတော့မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ရေးသားထားပါသေးတယ်။
Source _ The Guardian
PHOTO _ INTERNET


LEAVE A REPLY

Please enter your comment!
Please enter your name here