မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတို အဲရာရ်ဝန်န်ယူစွတ်ကိုခန့်အပ်ခြင်းအား လက်ခံသဘောတူကြောင်း နစက ကြေညာ

0
184
နေပြည်တော်၊ဩဂုတ်၄
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတို အဲရာရ်ဝန်န် ယူစွတ်ကို အာဆီယံကခန့်အပ်ခြင်းအား လက်ခံသဘောတူကြောင်း နစက ယနေ့တွင်ကြေညာသည်။
လက်ခံသဘောတူမှုကို အာဆီယံသို့ ပြောကြားပြီးပြီဟုလည်း ဆိုသည်။
ဩဂုတ်လ၂ရက်နေ့က ကျင်းပသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ၅၄ကြိမ်မြောက်အစည်းအဝေးအတွင်း ဧပြီလ၂၄ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ တူညီသောသဘောဆန္ဒ၅ချက်ထဲ ဖော်ပြပါရှိသည့် အာဆီယံဥက္ကဌ၏အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေးကိစ္စအား ထည့်သွင်းဆွေးနွေးပြီးမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) အဲရာရ်ဝန်န် ယူစွတ်ကို အာဆီယံကခန့်အပ်လိုက်ခြင်းဖြစ်သည်။
မူလအဆိုပြုထားသည့် နစကဘက်ကပါသဘောတူသော ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဝိရာဇာတိ ဖူတဂူ ပါသည့် အဆိုပြုထားသူ၃ဦးကို ပြန်လည်ရုတ်သိမ်းပြီး ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) အဲရာရ်ဝန်န် ယူစွတ် ကို အဆိုပြုရွေးချယ်ခန့်အပ်လိုက်ခြင်းလည်းဖြစ်သည်ဟုသိရသည်။
မစ္စတာ အဲရာရ်ဝန်န် ယူစွတ် သည် ယခုနှစ် ဇွန်လ ၄ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူလည်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုအဲရာရ်ဝန်န် ယူစွတ်ကိုခန့်အပ်ခြင်းအား ဥရောပသမဂ္ဂ က ကြိုဆိုကြောင်းယနေ့မှာပင် စာထုတ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here