အိန္ဒိယနိုင်ငံ အင်ဖာဒိစတြိတ်တွင် Remdesivir ထိုးဆေးအတုများဖမ်းမိ

0
220
အင်ဖာ၊ သြဂုတ် ၅
အိန္ဒိယနိုင်ငံ အင်ဖာဒိစတြိတ်ရဲတပ်ဖွဲ့သည် ဗီဟာပြည်နယ်မှ လူတစ်ဦးအား Remdesivir ထိုးဆေးအတု ၄၄၁ လုံးနှင့်အတူ သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
အသက် ၅၅ နှစ်အရွယ်ရှိ Lalo Sah ဆိုသူအား အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာဒိစတြိတ်အရှေ့ပိုင်းရှိ Tribal Market အနီး New Checkon ဧရိယာအတွင်း ငှားရမ်းနေထိုင်သောအိမ်တွင် ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သတင်းအရ ဝင်ရောက်ရှာဖွေရာတွင် အိပ်တစ်လုံးအတွင်းမှ ဆေးများအားရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး၊ ထိုသို့တွေ့ရှိသည့်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ချက်ခြင်းဆက်သွယ်၍ ဆေးများကို စစ်ဆေးခဲ့သည်။
ပြည်နယ်ဆေးဝါးထိန်းချုပ်ရေးဌာနမှလည်း ဖမ်းမိသောဆေးများအား လက်ရှိ ကိုဗစ်လူနာများကိုကုသလျှက်ရှိသည့် ကုမ္ပဏီတူမှထုတ်လုပ်သော Remdesivir ဆေးများနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ရာ ဆေးအတုဟု ယုံကြည်ရသော အချက်များကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့အပြင် ယင်းဆေးများကို သူပိုင်ဆိုင်ကြောင်းနှင့် ဝယ်ယူထားသည့် အထောက်အထား စာရွက်စာတမ်းများလည်း ထိုသူတွင်မရှိချေ။
ထို့ကြောင့် ဖမ်းမိတရားခံအား စစ်ဆေးရာတွင် ဂူဝါဟတီ(Guwahati)ပြည်နယ်မှ လူတစ်ဦးက သူ့အား ခေတ္တအပ်နှံထားသောဆေးများဖြစ်ကြောင်းထွက်ဆိုသဖြင့် ကွင်းဆက်တရားခံအားလိုက်လံရှာဖွေနေဆဲဖြစ်သည်။ သို့ရာတွင် ထိုသူနှင့် Lalo Sah တို့သည် ဂူဝါဟတီမှ အင်ဖာသို့ လေကြောင်းခရီးဖြင့် ဇူလိုင် ၃၁ ရက်နေ့က အတူတကွရောက်ရှိလာကြခြင်းဖြစ်ကြောင်းသိရသည်။ ထိုသူမှာ ဆေးအတုများနှင့်ပတ်သက်၍ ခေါင်းဆောင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိသည်။
လက်ရှိတွင်မူ ဆေးအတုများဖြင့် ဖမ်းမိသူ Lalo Sah အား ၈ ရက်ချုပ်ရမန်ဖြင့် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
Ref:
1/ Man held with fake Remdesivir injections
2/ Manipur: Bihar resident caught with hundreds of fake Remdesivir tablets
Photo: EastMojo News


LEAVE A REPLY

Please enter your comment!
Please enter your name here