ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီများ ရက်၃၀အတွင်း ဘဏ်များနှင့် စာရင်းရှင်းကြရန် ဗဟိုဘဏ်သတိပေးစာထုတ်

0
274

၂၀၁၈ ခုနှစ်အတွင်းပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိတဲ့ ကုမ္ပဏီများ ရက်၃၀အတွင်း သက်ဆိုင်ရာ ဘဏ်များနဲ့ စာရင်းရှင်းကြဖို့ ဗဟိုဘဏ်က သတိပေးလိုက်ပြီး စာရင်းရှင်းလင်းခြင်းမရှိဘူ းဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်/ သွင်းကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်က စာထုတ်ထားတယ်လို့ သိရပါတယ်။

 နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်ရငွေတွေကို ပို့ကုန်ရငွေ ဝင်ရောက်ခဲ့တဲ့ ဘဏတွေနဲ့ ဆက်သွယ် စာရင်းရှင်းလင်းရလေ့ရှိပါတယ်။

ဒီလိုရှင်းဖို့လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI)ကနေတဆင့် သြဂုတ်လ ၇ရက်နေ့ နောက်ဆုံးထားဖို့ ဆက်သွယ်အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ဗဟိုဘဏ်က ပြောဆိုပါတယ်။

ဒါပေမယ့် စာရင်းရှင်းလင်းဖို့ သတ်မှတ်ထားတဲ့ အချိန်က ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်နဲ့ ရုံးပိတ်ရက်များဒါတွေနဲ့ တိုက်ဆိုင်နေလို့ စာရင်း ရှင်းလင်းရမယ့်အချိန်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှစ၍ရက်ပေါင်း (၃၀) အတွင်း ရှင်းလင်းဖို့ ထပ်မံတိုးမြှင့်ဖြေလျှော့ထားတယ်လို့လည်း ဗဟိုဘဏ်က ဆက်ပြောထားပါတယ်။

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အချို့လုပ်ငန်းရှင်တွေ အနေနဲ့ ပို့ကုန်ရငွေတွေကို အပြည့်အ၀ မသွင်းလာဘူးဆိုတဲ့ သံသယတွေ တစ်ဖက်ကရှိလို့ ဒီလို လုပ်တာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here