ကိုဗစ်ကူးစက်ခံခဲ့ရသည့် ရဟန်းသာမဏေ ၅၀၀၀ကျော်ရှိပြီး ၁၅၆ပါး ပျံလွန်တော်မူခဲ့ဟုသာသနာရေးပြော

0
165

ကိုဗစ်ကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူတဲ့ ရဟန်းသာမဏေ အရေအတွက်ဟာ ၁၅၆ပါး ရှိတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန က သာသနာရေးဆိုင်ရာပြောရေးဆိုခွင့်ရ အရာရှိက ပြောပါတယ်။

ဒီစာရင်းဟာ ကိုဗစ် စတင်ဖြစ်ပွားရာ ၂၀၂၀ မတ်လ ၂၃ရက်က စလို့ ၂၀၂၁ သြဂုတ် ၈ရက်အထိ စာရင်းဖြစ်တယ်လို့လည်း သာသနာရေးဆိုင်ရာပြောရေးဆိုခွင့်ရ အရာရှိဦးအောင်ဆန်းဝင်းက ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ ရဟန်း၊ သာမဏေအရေအတွက်က ၅၁၉၇ ပါးဖြစ်ကာ ကုသနေဆဲ ၆၃၄ပါး၊ဆေးရုံက ဆင်းခွင့်ရ ၄၄၀၇ပါးရှိတယ်လို့လည်း သာသနာရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိက ပြောပြပါတယ်။

ဘဝနတ်ပျံလွန်တော်မူသွားတဲ့ထဲ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။

ဒါ့အပြင် ကိုဗစ်ကူးစက်ခံ သီလရှင်အရေအတွက်ကလည်း ၄၃၅ပါးရှိကာ ပျံလွန်တော်မူသွားတဲ့ အရေအတွက်က ၇ပါး၊ ကုသဆဲက ၃၂ပါး၊ဆေးရုံက ဆင်းခွင့်ရသူက ၃၉၆ပါးဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here