စေတနာလူမှုကူညီရေးအသင်းထံမှ dead body ထည့်သည့်အိတ်များ အလှူခံနိုင်

0
62

ရန်ကုန် ဩဂုတ် ၇
ရန်ကုန်မြို့မှာတော့ ကိုဗစ်၁၉ ကူးစက်ရောဂါကြောင့် ဇူလိုင်လမှာ သေဆုံးနှုန်းတွေမြင့်တက်ခဲ့ပြီး သုသာန်တွေမှာ သဂြိုဟ်ဖို့တောင်အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။
သေဆုံးနှုန်းတွေမြင့်တက်လာတဲ့အတွက် dead body ထည့်တဲ့ အိတ်တွေဟာလည်း လုံလောက်မှုမရှိခဲ့ပါဘူး။ဒါ့အပြင် ကိုဗစ်လူနာတွေဆိုရင် ချက်ချင်းသဂြိုဟ်ရတာကြောင့် တချိုအလောင်းတွေဆိုရင် စောင်တွေ ဖျာတွေနဲ့ပတ်ကာ လူနာတင်ယာဉ်တွေ၊ တချိုဆို taxi တွေပေါ်တင်ပြီးတော့သုသာန်ကိုသွားပို့နေရတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အောက်ပုဇွန်တောင်လမ်းကြီး၊သီတာဆိပ်ကားမှတ်တိုင်အနီးမှာရှိတဲ့ စေတနာလှုမှုကူညီရေးအသင်းမှ dead body ထည့်တဲ့အိတ်တွေကို လှူဒါန်းပေးနေပါတယ်။လိုအပ်သူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၅၄၀၇၄၅၇ သို ဆက်သွယ်အလှူခံနိုင်ကြောင်း စေတနာလူမှုကူညီရေးအသင်းမှ အသိပေးကြေငြာထားပါတယ်။
စေတနာလူမှုကူညီရေးအသင်းမှ ၁၀L , ၁၅L အောက်ဆီဂျင်အိုးတွေကို အောက်ဆီဂျင်အရည်အခမဲ့ဖြည့်ပေးနေတယ်လို့လည်း စေတနာလူမှုကူညီရေးအသင်းမှ ပရဟိတအစ်ကိုတယောက်က ပြောပါတယ်။ ဒီလိုဖြည့်ပေးနိုင်ဖို့အတွက်လည်း အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံတွေမှာ အောက်ဆီဂျင်အိုးကြီးတွေနဲ့ သွားရောက်တန်းစီရတယ်လို့လည်းပြောပါတယ်။
စေတနာလူမှုကူညီရေးအသင်းအနေနဲ့ အောက်ဆီဂျင်အရည် အခမဲ့ဖြည့်တာအပြင် လူနာတင်ယာဉ်ငှါးရမ်းခြင်း၊ဆေးဖြန်းခြင်းတို့အပြင် ပုဇွန်တောင်မြို့နယ်အတွင်းက နာရေးကူညီမှုတွေကိုလည်း အခမဲ့လုပ်ဆောင်ပေးနေတယ်လို့ ပြောပြထားပါတယ်။
Photo-စေတနာလူမှုကူညီရေးအသင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here