အမေရိကန်တွင် နေ့စဉ် COVID-19 လူနာသစ်တွေ့ရှိမှု တစ်သိန်းကျော်ရှိလာ

0
103
ဝါရှင်တန်၊ သြဂုတ် ၈
အမေရိကန် ပြည်ထောင်စုတွင် COVID-19 ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့်အလျောက် နေ့စဉ်လူနာသစ် စစ်ဆေးတွေ့ရှိမှု မှာလည်း ဇူလိုင်လ တတိယပတ်မှ စတင်၍ ပြန်လည်မြင့်တက်လာရာ၊ သြဂုတ်လ ၆ ရက်နေ့က လူနာသစ် စစ်ဆေးတွေ့ရှိမှုမှာ ၁၃၁၄၆၆ ဦးရှိလာပြီဖြစ်သည်။ ယင်းသည် အဆိုပါရက်များအတွင်း ပျမ်းမျှခြင်းအားဖြင့် နေ့စဉ်လူနာသစ်တွေ့ရှိမှု တစ်သိန်းကျော် ရှိနေကြောင်းကိုညွှန်းဆိုနေသည်။
တချိန်တည်းမှာပင် COVID-19 ကြောင့် နေ့စဉ်သေဆုံးမှုမှာလည်း မြင့်တက်လာရာ သြဂုတ်လ ၆ ရက်နေ့က COVID-19 ကြောင့် ထပ်မံသေဆုံးသူ ၇၅၁ ဦးရှိခဲ့သည်။ ထို့ကြောင့် ဆေးရုံများတွင် လူနာများပြည့်လျှံမှုနှင့် သေဆုံးသူ များပြားမှုတို့ ထပ်မံဖြစ်ပေါ်လာမည်ကို ကျန်းမာရေးတာဝန်ရှိသူတို့ စိုးရိမ်ပူပန်လျှက်ရှိကြသည်။
ထို့ကြောင့် အမေရိကန်ပြည်သူတို့အနေဖြင့် နှာခေါင်းစည်းများကိုဝတ်ဆင်ကာ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာကြရန်နှင့်၊ ကာကွယ်ဆေးထိုးကြရန်ကို သမ္မတဘိုင်ဒင်ကလည်း အထူးတိုက်တွန်းထားသည်။
သို့ရာတွင် နယူးဂျာဆီပြည်နယ်အပါအဝင် ပြည်နယ်အချို့တွင်လည်း နှာခေါင်းစည်း မတပ်ရေးဆန္ဒဖော်ထုတ်မှုများရှိနေသေးသည်။
Ref:
1/ The U.S. Is Now Averaging 100,000 New COVID-19 Infections A Day
2/ Murphy unveils N.J. school mask mandate as some parents protest. He says mask opponents are ‘lying.’


LEAVE A REPLY

Please enter your comment!
Please enter your name here