ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးမှု ကိန်းဂဏန်းများ တဖြည်းဖြည်းပြန်လည်ကျဆင်း

0
200
ရန်ကုန် ဩဂုတ် ၇
ကိုဗစ်တတိယလှိုင်းအတွင်း တိုင်းနဲ့ပြည်နယ်အားလုံးထဲမှာမှ ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်ဟာ ခုရက်ထဲ ကိုဗစ်ကြောင့် သေဆုံးမှု ကိန်းဂဏန်းများ တဖြည်းဖြည်းနဲ့ ပြန်လည်ကျဆင်းလာတယ်လို့ နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အရပ်ဘက်လူမှုအဖွဲအစည်းအချို့ရဲ့ ပြောကြားမှုတွေအရလည်း အခုရက်ထဲသေဆုံးမှုတွေက အရင်ရက်သတ္တပါတ်ထက် အတော်လေးကျဆင်းသွားတယ်လို့သိရပါတယ်။
နေ့စဉ်ကိုဗစ်ကူးစက်မှု ၁ထောင်ကျော်ရှိခဲ့ပြီး ရာချီသေဆုံးခဲ့တဲ့ ရန်ကုန်တိုင်းရဲ့ကိုဗစ်ကူးစက်မှုဟာ ဩဂုတ်လ ၆ရက်ထုတ်ပြန်ချက်မှာတော့ ၃၈၂ဦးပဲ ကူးစက်မှုရှိခဲ့တယ်လို့ နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါဟာပြင်းထန်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းအတွင်း ရန်ကုန်ရဲ့ ပထမဦးဆုံး အနည်းဆုံးကူးစက်ခံရမှုအရေအတွက်လည်းဖြစ်ပါတယ်။
နောက်ပြီး ဒီပမာဏဟာ တိုင်းနဲ့ပြည်နယ်အားလုံးထဲ နံပါတ်၅အဆင့်ရှိ တဲ့ ကိန်းဂဏန်းတစ်ခုလည်းဖြစ်ပါတယ်။
ဩဂုတ်လ ၆ရက်ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းရဲ့ သေဆုံးသူတစ်ရက်ထဲ ၄၉ဦးရှိခဲ့ပါတယ်။မန္တလေးတိုင်းထက်စာရင် ၁၁ဦးအထိလျှော့နည်းတဲ့ ကိန်းဂဏန်းဖြစ်တာတွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here