မန္တလေး-မိုးကုတ်ကားလမ်းမထက် မောင်းနှင်လာသည့် ယာဉ်တစ်စီးထံမှ လက်နက်များသိမ်းဆည်းရမိမှုဖြစ်ပွါး

0
271
မန္တလေး၊ဩဂုတ်၈
မန္တလေး-မိုးကုတ် ကားလမ်းမထက် မောင်းနှင်လာသည့် ထော်လာဂျီယာဉ်တစ်စီးထံမှ လက်နက်များသိမ်းဆည်းရမိမှု ယနေ့မနက် ၇နာရီခန့် ကဖြစ်ပွါးခဲ့ကြောင်း ရဲကြေးနန်းအရသိရသည်။
လက်နက်များ တင်ဆောင်လာကြောင်း သတင်းအရ ရဲက မတ္တရာအနောက်ဘက် ၂မိုင်အကွာ ပန်းယျကျေးရွာအနီးမန္တလေး-မိုးကုတ်ကား လမ်းမထက် ကြိုတင်ရောက်ရှိနေပြီး မောင်းနှင်လာသမျှ ကားများအား စစ်ဆေးကာ ထော်လာဂျီယာဉ်တစ်စီးထံမှ လက်နက်များ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရဲက ယာဉ်မောင်းသူအပါအဝင် ၂ဦးကို လက်နက်များနှင့်အတူဖမ်းမိခဲ့သည်ဟုဆိုထားသည်။
ဖမ်းမိလက်နက်အရေအတွက်မှာ K22သေနတ် အလက်၆၀၊ လက်ပစ်ဗုံးအလုံး၈၀၊ကျည်မျိုးစုံ၈၀၀၀၊အီနာဂါ ၈၅လုံး၊ကျည်ဘောက်၁၁၀ခု၊ လွယ်ကြိုး၂၁ချောင်း၊စသ်ရောင်အီကွေးမန့်၆၀စုံဟုရဲကြေးနန်းကဆိုသည်။
PHOTO _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here