ကိုဗစ်ကာလ အလံဖြူ၊ အလံဝါအဆင့် နွမ်းပါးပြည်သူများကို ဆန် နဲ့ဆေးဝါးများလှူဒါန်းပေးမယ့် ဝေဠုကျော်

0
250

သရုပ်ဆောင်ဝေဠုကျော်က ကိုဗစ်ကာလ တစ်မိသားစုလုံး ကိုဗစ်ဖြစ်ပြီး အဆင်မပြေတဲ့သူတွေ၊ အလုပ်မလုပ်နိုင်ကြတဲ့သူတွေအတွက် အလံဖြူ၊ အလံဝါအဆင့် နွမ်းပါးပြည်သူတွေ အတွက် ဆန်၊ ဆေးဝါးနဲ့ စားစရာများ သွားရောက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

“ ကိုဗစ်ကာလ စားသောက်ရေး ကြပ်တည်းကြသူများထဲ အကုန်လုံး မလှူပေးနိုင်လို့ တစ်မိသားစုလုံး ကိုဗစ် P ဖြစ်ပြီး အဆင်မပြေ၊ အလုပ် မလုပ်နိုင်ကြတယ့် အလံဖြူ အလံဝါ အဆင့် နွမ်းပါးပြည်သူမိသားစုများသို့ ဆန် စားနပ်ရိက္ခာ၊ mask ဆေးဝါး ၊အာဟာရတို့ တတ်နိူင်သလောက် လှူဒါန်းပေးပါမယ်။ ဝိုင်းဝန်း လှူဒါန်းပေးကြမယ့် အလှူရှင်များလည်း ဖိတ်ခေါ်သလို အနီးနားက Pဖြစ်ပြီး မဆင်မပြေ
တယ့်အိမ်များရှိရင်လည်း လမ်းညွှန်ပေးကြအုံးခင်ဗျ”လို ရေးသားထားပါတယ်။

#Popularjournal
#Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here