ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ ကို နစက နိုင်ငံခြားရေးကန့်ကွက်

0
179

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ Ms. Christine Schraner Burgener ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ့သတင်းစာ အတွင်းပြောကြားချက်တွေဟာ အတည်ပြုနိုင်ခြင်းမရှိတဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ အပေါ် အခြေခံပြီး တစ်ဖက်သတ်စွပ်စွဲမှုတွေလို့ နစကနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီး လက်မခံဘူးလို့လည်းပြောဆိုထားတာတွေ့ရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ Ms. Christine Schraner Burgenerဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ စပ်လျဉ်းပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ် ၁၀ရက် နယူးယောက် စံတော်ချိန် ၁၀နာရီအချိန်မှာ ဗီဒီယို ကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့တာပါ။

နစက နိုင်ငံခြားရေးဝန်ကြီးဌာနက“ သတင်းစာရှင်းလင်းမှု၌ သူမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသော မှားယွင်းသည့် သတင်း အချက် အလက်များ အပေါ် အခြေခံကာ တစ်ဖက်သတ်စွပ်စွဲ ပြောကြားထားသည်”လို့ ပြောပါတယ်။

ဒါ့အပြင် အထူးကိုယ်စားလှယ်အနေနဲ့ ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင် ခွင့်တွေကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ဆောင်ရွက် သွားဖို့လည်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသေးပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ရဲ့ ပြောကြားချက်တွေဟာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ အပါအဝင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို ချိုးဖောက်ရောက်တယ်လို့ ပါ ပြောဆိုထားပါတယ်။

နစက နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ခုရက်ထဲသံအမတ်ကြီးဦးကျော်မိုးထွန်း ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ပြောကြားချက် အပေါ် ကန့်ကွက်စာလည်း ထုတ်ခဲ့တာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here