နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ် -၁၉ လူနာဦးရေ ၂၅၀ ကျော် ကို လက်ခံကုသပေးနေ

0
119

နေပြည်တော် ဩဂုတ် ၁၃

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမတွင် တပ်မတော် အထူးကုသမားတော်ကြီးများ ဦးဆောင်၍ ကိုဗစ်-၁၉ ဖြစ်ပွားသူ လူနာဦးရေ ၂၅၀ ကျော် ကို လက်ရှိတွင် လက်ခံ ကုသပေးလျက်ရှိကြောင်း ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါ တယ်။

လက်ရှိနေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ လူနာဦးရေမှာ များပြားလာလျက် ရှိနေပြီး ဆေးရုံများတွင်လည်း လူနာများ လက်ခံ ကုသပေးနိုင်ရန် နေရာလိုအပ်ချက်များ ရှိလာနေ၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် တပ်မတော်မှ အထူးကု သမားတော်ကြီး များဦးဆောင်၍ တပ်မတော်ဆရာဝန်သူနာပြုအဖွဲ့ A Group -12ဦး၊ B Group -12ဦး ဖြင့်နေပြည်တော်ပြည်ထောင်စု နယ်မြေ အတွင်းရှိ ကိုဗစ် – ၁၉လူနာများကို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှစ၍ လက်ခံကုသစောင့်ရှောက်ပေးလျက်ရှိရာ ဩဂုတ်လ ၁၁ ရက်နေ့ထိတွင် ကိုဗစ် ၁၉ ပိုးတွေ့ လူနာဦးရေ ၂၅၀ ကျော် ကို လက်ခံကုသပေးလျက် ရှိကြောင်း သိရပါတယ်။

“နေပြည်တော်မှာက ပိုးတွေ့နှုန်းက မကျသေးပါဘူး။ သက်ဆိုင်ရာဆေးရုံတွေမှာလည်း ပိုးတွေ့လူနာတွေ လက်ခံကုသပေးနေတာရှိသလို ဒီကျောက်စိမ်းခန်းမမှာဆိုရင်လဲ လူနာ ၁၅၀၀ ထိ လက်ခံကုသပေးနိုင်ပါတယ်။ အခုကတော့ လူနာ ၂၅၀ ကျော် လက်ခံ ကုသပေးနေပါတယ်။ ဒီလ ပထမပတ်အတွင်းမှာဆို ကုသမှုခံယူနေရတဲ့ လူနာတွေထဲက ရက်စေ့လို သက်သာစိတ်ချရလို ပြန်ဆင်းရတဲ့သူ ၇၀ ဦးလောက် ရှိထားပါပြီ” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ မဏိရတနာကျောက်စိမ်းခန်းမ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ လူနာပေါင်း (၁၅၀၀)ကိုလက်ခံ ကုသပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ နေပြည်တော်တွင် ကိုဗစ် ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ဦးရေ မှာ ၁၀၃၀၀ ကျော်ထိရှိလာနေပြီဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here