ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်ခြင်းကိစ္စ အမေရိကန်၏ ပြည်တွင်းရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် မသက်ဆိုင်ဟု နစကနိုင်ငံခြားရေးဝန်ကြီးဌာနစာထုတ်

0
56
ဦးကျော်မိုးထွန်းကို ရည်ရွယ် လုပ်ကြံရန် ကြံစည်မှုနဲ့ စပ်လျဉ်းပြီး နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် အဖွဲရုံးမှ အမြဲတမ်းကိုယ်စားလှယ် Ms. Linda Thomas- Greeန်ကြီးဌာနက ရှုတ်ချစာတစ်ရပ်နဲ့ ပြစ်တင် ဝေဖန် လိုက်တယ်လို့ သိရပါတယ်။
ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြံစည်ခြင်းကိစ္စ အမေရိကန်ရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်လို့ မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့လည်း နစကနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို တုန့်ပြန်ထားပါတယ်။
ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ၂ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ်ကိုဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ကိုရဲဟိန်းဇော် တို့ ၂ ဦးကို အမေရိကန် အာဏာပိုင်တွေက ခုရက်ထဲ ဖမ်းဆီးထားပြီး အမရိကန်ရဲ့စုံစမ်းဖေါ်ထုတ်မှုအပေါ် ကုလသမဂ္ဂကကြိုဆိုတဲ့ အကြောင်းပြောဆိုထားတာရှိပါတယ်။
ဒီအပေါ် နစက နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအတွင်း သက်ဆိုင်ရာနိုင်ငံကလက်ခံနေထိုင်ခွင့်ပြုထားသူတွေ အကြား ဖြစ်ပွားတဲ့ ပြည်တွင်းဖြစ်စဉ်ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ဥပဒေကြောင်းအရသာ တရားစီရင်ခြင်းကို ဆောင်ရွက်ရမယ်လို့ တုန့်ပြန် ထားတာတွေ့ရပါတယ်။
ဒါ့အပြင် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ၂၇-၂-၂၀၂၁ ရက်၊ နံနက်ပိုင်းကစပြီး ရာထူးကထုတ်နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆို ထားတာဖြစ်လို့ အမေရိကန်အနေနဲ့ ပြန်လည်လွဲပြောင်းပေးဖို့ နဲ့ ဦးကျော်မိုးထွန်းအပေါ် အခုလို ရပ်တည် ထောက်ခံပေးနေခြင်းက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား စောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာဖို့ သွေဖည်နေတာလို့လည်း နစက က အမေရိကန်ကို ပြစ်တင်ထားပါသေးတယ်။
အခုထက်ထိတော့ အမေရိကန်က ဦးကျော်မိုးထွန်းကို သံအမတ်ကြီးတစ်ဦး အဖြစ်လက်ခံထားတဲ့ အပြင် ကုလသမဂ္ဂကလည်း ဦးကျော်မိုးထွန်း ကို သံအမတ်ကြီးတစ်ဦးအဖြစ်လက်ခံထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here