ဂျာမနီနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီ ဝင်ငွေ ဘီလျံနှင့်ချီ၍ ပိုမိုရရှိ

0
181
ဘာလင်၊ သြဂုတ် ၁၁
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်သည့် ဂျာမနီနိုင်ငံမှ BioNTech ကုမ္ပဏီသည် ယခုနှစ် ဒုတိယ ၃ လအတွင်း ယမန်နှစ် ကာလတူ အချိန်ကထက် ဝင်ငွေ ဘီလျံနှင့်ချီ၍ ပိုမိုရရှိကြောင်း သိရသည်။ ယမန်နှစ်ကာလတူအချိန်က ကုမ္ပဏီ၏ ဝင်ငွေမှာ ယူရိုငွေ ၄၂ သန်းသာရှိခဲ့ပြီး၊ ယခုနှစ်တွင် ဝင်ငွေ ယူရို ၅ ဒသမ ၃ ဘီလျံအထိရှိလာခြင်းဖြစ်သည်။
BioNTech ကုမ္ပဏီသည် အမေရိကန်နိုင်ငံမှ Pfizer ကုမ္ပဏီနှင့်တွဲ၍ ကိုဗစ်ကာကွယ်ဆေးအလုံးရေပေါင်း ၁ ဘီလျံကျော်ကို ကမ႓ာတစ်ဝန်းသို့ ယခုနှစ် ပထမ ၆ လအတွင်းဖြန့်ချိနိုင်ခဲ့သည်။
Ref: Vaccine developer BioNTech’s revenues jump to 5.3 bln euros in Q2


LEAVE A REPLY

Please enter your comment!
Please enter your name here