စက်ရုံ၊အလုပ်ရုံနှင့် အလုပ်ဌာနများမှ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေကို ၆လနောက်ကျပေးသွင်းခွင့်နှင့်ယင်းကာလတွေအတွက် ပျက်ကွက်ကြေးကင်းလွတ်ခွင့်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

0
151
ကိုဗစ်၁၉ ရောဂါကြောင့် စက်ရုံ၊အလုပ်ရုံနှင့် အလုပ်ဌာနများ ဆက်လက်လည်ပတ်နိုင်ဖို့အတွက် လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင့်ရမည့် ထည့်ဝင်ကြေးတွေကို ၆လနောက်ဆုတ်ပေးသွင်းခွင့် ယင်းကာလတွေအတွက် ပျက်ကွက် ကြေး ကင်းလွတ်ခွင့်ပြုကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
ကြေငြာချက်မှာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်၁၉ ရောဂါရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွါးရေးဂယက်များအရ အကျုံးဝင် မှတ်ပုံတင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေးအဖွဲသို့ပေးသွင့်ရမည့် ထည့်ဝင်ကြေးများကို သက်ဆိုင်ရာ လကုန်ဆုံးပြီး ၃လနောက်ဆုတ်ပေးသွင်းနိုင်ဖို့ ၂၀၂၀ ခုနှစ်၊မတ်လ၂၀ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၆၃/၂၀၂၀) ထုတ်ပြန်၍ ပျက်ကွက်ကြေးများကို ကောက်ခံခွင့်မပြုပဲ ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေမှာ ကိုဗစ်၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ပျံ့နှံမှုများ ပိုမိုများပြားလာသဖြင့် စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ဖို့နှင့် အာမခံအလုပ်သမားများ ၂၀၁၂ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ နစ်နာဆုံးရှုးမှု မရှိစေဖို့ရည်ရွယ်ပြီး ထည့်ဝင်ကြေးများပေးသွင်းရမှာ ယခင်သက်ဆိုင်ရာလကုန်ဆုံးပြီး ၃လထက်နောက်မကျစေပဲ ပေးသွင်းခြင်းအစား (၅/၂၀၂၁)ခုနှစ် လရဲ့ လုပ်ခလစာအတွက် ပေးသွင်းရမည့်ထည့်ဝင်ကြေးမှစ၍ သက်ဆိုင်ရာလကုန်ဆုံးပြီး ၆လထက်နောက်မကျစေပဲ ပေးသွင်းခြင်းအပေါ်ပျက်ကွက်ကြေးများကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်နေ့မှာ အမိန့်ကြေငြာစာအမှတ် (၃၄၁/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့တယ်လို ပါရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here