မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်ဝင်ပေါက်ကို တရုတ်က ယာယီပိတ်လိုက်

0
129
မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်ဝင်ပေါက်/ထွက်ပေါက်ကို တရုတ်ဘက်က ကိုဗစ်ကူးစက်ပြန့်နှံနေမှုအကြောင်းပြချက်နဲ့ သြဂုတ် ၁၁ရက်က စပြီး ယာယီပိတ်လိုက်တယ်လို သိရပါတယ်။
တရုတ်နိုင်ငံရွှေလီရောက်မြန်မာအချို့ရဲ့ ပြောပြချက်တွေအရ တရုတ်က ကိုဗစ်ကြောင့် သူတိုရဲ့ မြို့တွေကို လော့ဒေါင်းချနေတာဖြစ်လို့ ပြန်ချင်တဲ့ မြန်မာတွေတောင် အခုပြန်လို့ မရတဲ့ အခက်အခဲ ဖြစ်နေတယ်လို့ ပြောပြကြပါတယ်။
အရင်ကလည်း တရုတ်က သူတိုရဲ့ မြို့တွေကို ကိုဗစ်ကြောင့် လော့ဒေါင်းချခဲ့တာတွေရှိပါတယ်။
အဲ့ဒီလို လော့ဒေါင်းတွေကြောင့် မြန်မာနိုင်ငံဘက် ပြန်လာချင်ကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အခက်အခဲ ဖြစ်ခဲ့ကြတာရှိပါတယ်။
ဒါကို နှစ်နိုင်ငံတာဝန်ရှိသူတွေရဲ့ ညှိနှိုင်းမှုနဲ့ တရုတ်နိုင်ငံတာဝန်ရှိသူတွေက နန်းတော်ဂိတ်ဝင်ပေါက်/ထွက်ပေါက်ကို၂၀၂၁ ဇူလိုင် ၂၆ရက်ကစပြီး ခေတ္တပြန်ဖွင့်ပေးပြီး သြဂုတ်၁၁ရက်မှာ ခေတ္တပြန်ပိတ်လိုက်တာပါ။
ခေတ္တပြန်ဖွင့်လိုက်တဲ့ ၁၆ရက်တာ ကာလအတွင်း နေရပ်ပြန်မြန်မာ ၄၆၅၄ ဦး နန်းတော်ဂိတ်ဝင်ပေါက်/ထွက်ပေါက်ကို ပြန်လည် ဝင်ရောက်ခဲ့ကြ တာရှိပါတယ်။
ဆက်လက်ပြီး ပြန်ဝင်လိုကြတဲ့ မြန်မာတွေလည်း အတော်များများ ဆက်ရှိနေသေးတယ်လို့လည်း တရုတ်နိုင်ငံရွှေလီရောက် မြန်မာအချို့ ကပြောပြကြပါတယ်။
တရုတ်နိုင်ငံအတွင်းပိုင်းကနေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေသေးတဲ့ မြန်မာပြည်သူတွေကိစ္စကို နှစ်နိုင်ငံ တာဝန် ရှိသူတွေက ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပြီးမှ လက်ခံမယ့်ရက်ကို ကြေညာမယ်လို့ မူဆယ်သတင်းတွေက ပြောဆိုထားတာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here