အမေရိကန်ဒေါ်လာဈေး ၆လအတွင်း ယခင်ထက် ၁ဒေါ်လာ ငွေကျပ်၃၅၀ကျော်မြှင့်တက်သွားပြီး ငွေကျပ် ၁၇၀၀အထိ ရောက်ရှိသွား

0
255
ယခု သြဂုတ်လ ၁၁ရက်က စပြီး အမေရိကန်၁ဒေါ်လာဈေးနှုန်းဟာ ငွေကျပ် ၁၇၀၀ကျော်အထိ စံချိန်တင်မြှင့်တက်သွားတယ်လို့ ငွေကြေးဈေးကွက်ကနေ သိရပါတယ်။
အရင် ဇူလိုင်လကုန်၊သြဂုတ် လဆန်းပိုင်းက အမေရိကန်၁ဒေါ်လာကို ငွေကျပ် ၁၆၅၀၊၆၀ ဝန်းကျင်ပဲ ရှိခဲ့တာပါ။
အခု ဈေးကွက်ထဲ ဖြစ်ပေါ်နေတဲ့ ငွေကြေးလဲလှယ်မှုနှုန်းထားဟာ စံချိန်တင်မြှင့်တက်သွားတဲ့ နှုန်းထားဖြစ်နေပါတယ်။
၆လအတွင်း ယခင်ငွေလဲလှယ်မှုနှုန်းထားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁ဒေါ်လာကို ငွေကျပ် ၃၅၀ကျော် ယခင်ထက် မြှင့်တက်သွားတာပါ။
အခုရက်ထဲ ဗဟိုဘဏ်က ဈေးကွက်ထဲ နိုင်ငံခြားသိန်းနဲ့ ချီပြီး ၃ကြိမ်ရောင်းချပေးခဲ့တာရှိပါတယ်။
ဒါ့အပြင် ဗဟိုဘဏ်ဒုတိယဥက္ကဌနဲ့ နိုင်ငံခြားငွေဆောင်ရွက်ခွင့်ရ ဘဏ်တွေ နဲ့ ဒီရက်ထဲ တွေ့ဆုံတာတွေ ရှိခဲ့ပြီး နိုင်ငံခြားငွေ ဈေးနှုန်းမြှင့်တက်နေမှုအပေါ် ဘဏ်တွေ ဝိုင်းထိန်းကြဖို ဗဟိုဘဏ်ဘက်က ပြောဆိုခဲ့တာရှိပါတယ်။
နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွေ မြှင့်တက်နေတာဟာ စီးပွားရေး၊လူမှုရေးတွေကို အကြီးအကျယ်ရိုက်ခတ်စေတယ်လို စီးပွားရေး ပညာရှင် အချိုက ထောက်ပြနေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here