ကျင့်စန်းကြော့နှင့် ဝမ်တိန် နယ်စပ်ဂိတ် တို့ကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့ နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမယ်

0
99

နေပြည်တော် ဩဂုတ် ၁၆

လက်ရှိချိန်မှာ ယာယီပိတ်ထားသည့် မူဆယ်နယ်စပ်မှ ကျင့်စန်းကြော့နှင့် ဝမ်တိန်ဂိတ်တို့ကို ပြန်လညိဖွင့်လှစ်ပေးနိုင်ရန်အတွက် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့များ ဩဂုတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံညှိနှိင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရ ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှစ၍ မူဆယ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရပ်တန့်သွားသော်လည်း Covid-19 ကပ်ရောဂါမှာ ကမ္ဘာတစ်ဝန်းဖြစိပေါ်နေပြီး မြန်မာနိုင်ငံတွင်လည်း တတိယလှိုင်း အနေဖြင့် ဖြစ်ပွားမှုမြင့်တက်လျက် ရှိနေတဲ့အတွက် Covid-19 ရောဂါ ကာကွယ်ကုသရေး အတွက် အထောက် အကူဖြစ်စေမဲ့ ဆေးနှငိ့ ဆေးဝါးပစ္စည်းတွေ ကိုတော့ တင်သွင်းခွင့်ပြုထားကြောင်း၊ ထိုသို့ပြည်ပမှ သာ ဆေးနှင့်ဆေးပစ္စည်းတွေ တင် သွင်းနေ ရတဲ့အတွက် ငွေကြေးကုန်ကျမှုများပြားနေတာဖြစ်လို့မြန်မာ့ပိုကုန်များကို ပြန်လည်၍ အမြန်ဆုံးတင်ပို့နိုင်ဖို့ မူဆယ်(၁၀၅) မိုင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရှိ ကျင့်စန်းကြော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဩဂုတ်လ ၁၇ ရက်နေ့မှာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

” မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ကနေ မြန်မာ့ပိုကုန်တွေ အများဆုံးတင်ပို့နေရတဲ့ ကျင့်စန်းကြော့ဂိတ်နဲ့ ဝမ်းတိန်ဂိတ်ကို ပြန်ဖွင့်ဖို့ စီစဉ်နေတာပါ။ ဩဂုတ်လ ၁၇ ရက်မှာ ရွှေလီဘက်က အဖွဲ့ နဲ့ ကျွန်တော်တို့ ဘက်က တာဝန်ရှိအဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြမှာပါ။ အဓိက ကတော့ ဆေးနဲ့ဆေးပစ္စည်းတွေကို ပြည်ပကနေတင်သွင်းနေရဆော့ နိုင်ငံခြားငွေကြေးကုန်ကျမှု များတာပေါ့။ အဲ့ဒါတွေကို ပြန်ဖာနိုင်စေ ဖို့အတွက် မြန်မာ့ပိုကုန် ပဲ၊ နှမ်း စတာတွေကို ပြန်ပြီး အမြန်ဆုံးတင်ပို့ဖို့ ဆောင်ရွက်တာပါ” ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှ ပို့ကုန်များကို အဓိက အများဆုံးတင်ပို့နေရသည့် နယ်စပ်ဂိတ်မှာ မူဆယ်နယ်စပ် ရှိ ကျင်စန်းကြော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့ ဖြစ်ပြီး ပဲ၊ နှမ်း၊ ဖရဲ၊ သခွား၊ သရက်သီး အစရှိသည့် ပြည်တွင်း ပို့ကုန်များကို အဓိကအများဆုံး တင်ပို့နေရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဂိတ် များပြန်လည်ဖွင့်လှစိခွင့်ရပါကလည်း ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုများ ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ လက်ရှိတွင် နယ်စပ်ပေါက် အားလုံး မှ ဆေးနှင့်ဆေးပစ္စည်းတင်သွင်းမှုမှာ နေ့စဉ်ကားအစီးရေ ၃၀၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here