နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံရုံးအကြီးအကဲများနှင့် နိုင်ငံရေး အခြေအနေများကို video Conferencing ဖြင့်ဆွေးနွေး

0
239
Photo - mofamyanmar facebook
Photo – mofamyanmar facebook
ဩဂုတ်လ ၁၁ရက်နေ့က နစက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး များနှင့် အာရှပစိဖိတ်ဒေသများရှိ မြန်မာသံရုံး၊အဖွဲရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ တာဝန်ရှိသူများ Video Conferencing စနစ်ဖြင့်တွေ့ဆုံခဲ့ပါတယ်။
အစည်းအဝေးကို နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ ဦးဆောင်၍ အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊အဖွဲရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ် ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများအား လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေ များနှင့် ဆောင်ရွက်ချက်များကို Video Conferencing စနစ်ဖြင့် အသိပေးရှင်းလင်းခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့မှ လက်ရှိနိုင်ငံရေး အခြေအနေ နှင့်ဆောင်ရွက်ချက်များ၊ ၅၄ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပခဲ့ခြင်းနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များအား အသိပေးရှင်းလင်းပြောကြား၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပါတယ်။
ဒါ့အပြင် သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ၏ မေးမြန်းချက်များ၊ အကြံပြုဆွေးနွေး တင်ပြချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Video Conferencing ဖြင့်တွေဆုံသည့် အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာှန်ရှိသူများ တက်ရောက်ခဲ့ ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here