စားသုံးသူတွေ ဈေးသက်သက်သာသာ နဲ့ဝယ်စားနိုင်ဖို့ တိုင်းအစိုးရက ကုန်သည်တွေ နဲ့ ပူးပေါင်းရောင်းချပေးဖို့ရှိ

0
285

စားသုံးသူတွေ ဈေးသက်သက်သာသာ နဲ့ဝယ်စားနိုင်ဖို့ တိုင်းအစိုးရက ကုန်သည်တွေ နဲ့ပူးပေါင်းပြီး ရောင်းချပေးဖိုရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးက”ဆန်တွေ ဆီတွေကို ဈေးသက်သက်သာသာ နဲ့ရောင်းပေးသွားမှာပါ”လို့ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးက “ရန်ကုန်မှာဆန်၊ဆီ ၊ဆေး တွေ ဈေးကျအံ့။ဘယ် ဗေဒင်ဆရာ ဟောကိန်းမှမဟုတ်ပါ”လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားတာရှိပါတယ်။

ရန်ကုန်ဝန်ကြီးချုပ်က “ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရုံးကိုဆန်စပါးအဖွဲ့ချုပ်၊ ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည် အသင်း၊ စားဖို ဆောင်သီးနှံအသင်း၊ သစ်သီးဝလံအသင်း၊ သားငါးအသင်း၊ကြက်ဥဒိုင်၊ ကုန်စည်ဒိုင်များနဲ့မြန်မာနိုင်ငံ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင် အသင်း တွေကတာဝန်ရှိသူ တွေကိုဖိတ်ကြားဆွေး နွေးတိုင်ပင်ပြီးစားသုံးသူ တွေသက်သက်သာသာ နဲ့လွယ်လွယ်ကူကူ လိုသလောက်ဝယ်ယူစားသုံးနိုင်ဖို့ အချိန်ယူဆွေး နွေးတိုင်ပင်ခဲ့ကြပါတယ်။ အသင်းအဖွဲ့ တွေက ဈေးကား တွေထွက်သလို အများပြည်သူ တွေကပါလက္ကားဆိုင်ကကုန်ပစ္စည်းတွေ လွယ်ကူစွာ ဝယ်ယူဖြန့်ဖြူးနိုင်ဖို့ အိမ်ဆိုင် တွေအခွန်လွတ် ဈေးထဲကဆန်ဆိုင် တွေ၊ အရောင်းကားတွေ နဲ့ရန်ကုန်တိုင်းအတွင်းမြို့ပြ ကျေးလက်အနှံ့ သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချ ပေးပါ တော့မယ် ။ရောင်းဆို စိတ်မြန် လက်မြန်၁၆/၈/၂၁ရက်ကစရောင်းကြမယ်တဲ့။ မြို့တော်စည်ပင်ကလည်းဈေးကား တွေကို လိုင်စင်ခွန် ပေးဆောင်စရာ မလိုဘဲ မှတ်ပုံတင် ပေးပါမယ်။ ခရိုင်အုပ်ချုပ် ရေးမှူး တွေက လည်းသက်ဆိုင်ရာမြို့နယ် တွေမှာ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေဖိုနဲ့ လိုအပ် သည်များ ဝိုင်းဝန်းပံ့ပိုး ပေးကြပါမယ်။ဝင် ငွေရှာချင်သူ တွေအတွက် cash for work အခွင့်အလမ်း တခု ပေါ့”လို့ ရန်ကုန်လူထုကို ပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here