ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်း များအား ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ် လှူဒါန်း

0
109

နေပြည်တော် သြဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ် ၊ နန်းဦးပရိယတ္တိစာသင်တိုက်၌ ဇမ္ဗူသီရိမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ အား သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆွမ်းဆန်တော် ၊ ဆီနှင့်ပဲ လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ၊ ဒက္ခိဏသီရိ မြို့ နယ် သံဃနာယက အဖွဲ ( ဥက္ကဋ္ဌ ) ၊ ညောင်ကုန်း ကျောင်းတိုက် ၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေး မှု ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၊ ဒုတိယဝန်ကြီးဦးအေး ထွန်း ၊ အမြဲတန်း အတွင်း ဝန် ဦးမြင့်ဦး ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ကြည်ညို ကြသည် ။

ဆွမ်းဆန်တော် ၊ ဆီနှင့် ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ကာ ဒက္ခိဏသီရိ မြို့နယ် သံဃနာယက အဖွဲ့ ( ဥက္ကဋ္ဌ ) ၊ ညောင်ကုန်း ကျောင်း တိုက် ၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုအမှူး ပြုသော ဌာနဆိုင်ရာအကြီးအကဲ များက ငါးပါး သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ် ၊မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူ ကြည်ညို တော်မူကြသည် ။

ထိုနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဘုရားတပည့် တော်တို အနေဖြင့် COVID 19 ရောဂါ ဖြစ်ပွားနေ စဉ် ကာလအတွင်း ဆရာတော် သံဃာတော်များ ဆွမ်း ၊ ကွမ်း ကိစ္စများ ကြောင့်ကြမှု မရှိစေရန် အ လို့ငှာ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက နေပြည်တော် အတွင်းရှိ ပရိယတ္တိစာသင်တိုက် များသို ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ မတ်လ နှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီးကျောင်း ပေါင်း ၁၇၇ ကျောင်းနှင့်သီလရှင် ၁၇ ကျောင်းတို့ အတွက် ဆွမ်းဆန်တော် အိတ် ၉၁၄ အိတ်ကို လှူဒါန်း ပြီး ဖြစ်ပါကြောင်း လျှောက်ထားသည် ။

ယင်းနောက် နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ် သံဃနာယက အဖွဲ ( ဥက္ကဋ္ဌ ) ၊ မစိုးရိမ်ပရိယတ္တိ စာ သင်တိုက် ၊ ပဓာနနာယကဆရာတော် ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ၊ ဘဒ္ဒန္တအဂ္ဂဓမ္မဆရာတော်ကြီး ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ က အနုမောဒနာ တရားနာကြား ကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြကာ “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ” သုံးကြိမ်ရွတ် ဆိုဆုတောင်း ၍အခမ်းအနားကို အောင် မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။

အဆိုပါ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်း များအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲတို့ကိုဆက်ကပ် လှူဒါန်းခဲ့ရာ ဇမ္ဗူသီရိမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းတွင် သီတင်း သုံးတော်မူ ကြသော ရဟန်း ၊ သာမဏေ ၇၈၄ ပါးနှင့် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်း ၊ သီလရှင် ကျောင်း ၁ ကျောင်း တို့တွင် သီတင်းသုံး တော်မူကြသော ရဟန်း ၊ သာမဏေ ၂၉၆ ပါး ၊ သီလရှင် ၈၈ ပါး ၊ စုစုပေါင်း ရဟန်း ၊ သာမဏေ ၁၀၈၀ ပါးနှင့် သီလရှင် ၈၈ ပါးတိုအား ဆွမ်းဆန်တော် ၁၁၆ အိတ် ၊ ဆီ ၃၅၀ ပိဿာ နှင့် ပဲ ၄၆ အိတ် တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here