ဆန်ကြမ်း၁ပြည် တစ်ထောင်ကျပ်နှင့် လှိုင်သာယာတွင် ဆန်စပါးကုန်သည်များအသင်းက ရောင်းချ

0
125
ရန်ကုန် လှိုင်သာယာမှာ ဆန်ကြမ်း၁ပြည် တစ်ထောင်ကျပ်နဲ့ ဆန်စပါးကုန်သည်များအသင်းက ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ရန်ကုန်လှိုင်သာယာမြို့နယ်ထဲ ရောင်းချပေး တာဖြစ်ပြီး ပေါ်ဆန်းမွှေး (၁)ပြည်ကို ၁၇၀၀ ကျပ် ၊ ဆီ(၅၀)သား တစ်ဗူးကို (၁၈၅၀)ကျပ်တို့နဲ့ ရောင်းချပေးခဲ့တာတွေ လုပ်ခဲ့တယ် လို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်ဝါးတန်းလမ်းက ဆန်စပါးကုန်စည်ဒိုင်မှာလည်း ပေါ်ဆန်း(ကြားပျံ)တစ်အိတ်ကို ၄၃၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကို ၄၁၅၀၀ကျပ်၊ရက်၉၀ တစ်အိတ်ကို ၂၇၀၀၀ကျပ်၊ဧည့်မထရိုးရိုး တစ်အိတ်ကို၂၃၀၀၀ကျပ်နဲ့ အသီးသီးရောင်းချပေးနေ တယ်လို့ လည်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းကပြောပါတယ်။
ကိုဗစ်ကြောင့် ဆန်၊ဆီစျေးတွေ ပုံမှန်ထက်တက်မလာဖို့ ခုလိုဆောင်ရွက်တာလို့ ရန်ကုန်တိုင်းစီးပွါးရေးဝန်ကြီးကပြောပါတယ်။
အရပ်ထဲ ဆန်တွေ၊ဆီတွေ လိုက်လံရောင်းချတာကို မြို့နယ်အလိုက်ဆက်တိုက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်း စီးပွါးရေး ဝန်ကြီးကဆက်ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here