ကမ္ဘောဒီးယားက မြန်မာကို ဒေါ်လာ ၂သိန်းထပ်လှူမယ်

0
176
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာကို ဒေါ်လာ ၂သိန်းထပ်လှူမယ်လို့ ဖနွမ်းပင်ပိုစ့် သတင်းစာရဲ့ ရေးသားဖော်ပြချက် အရ သိရပါတယ်။
ဒါဟာကမ္ဘောဒီးယားရဲ့ ဒုတိယအကြိမ်မြောက် အလှူဖြစ်ပြီး အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု ကပ်ရောဂါ အကူအညီပေးရေး အဖွဲ့ကနေတဆင့်လည်း မြန်မာအတွက် ဒေါ်လာ ၁သိန်းလှူထားသေးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုဆေးဝါးများ ဝယ်ယူနိုင်ဖို့ ဖြစ်တယ်လို့ သတင်းစာက ရေးသားပါတယ်။
မြန်မာရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတယ် ဆိုတဲ့အကြောင်းလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ကဩဂုတ် ၁၇ ရက် ရက်စွဲနဲ့ နစက ဥက္ကဌ ဆီ စာရေးသားပေးပို့ထားတယ်လို့လည်း ဖနွမ်းပင်ပိုစ့် သတင်းစာရဲ့ ရေးသားဖော်ပြချက်အရသိရပါတယ်။
ကမ္ဘောဒီးယားဟာ အလှူငွေအပြင် နှာခေါင်းစည်း ၃သန်း၊ကိုဗစ်စစ်ကိရိယာ ၅သိန်း၊အောက်စီဂျင်စက် စတာတွေလည်း ပေးပို့ လှူဒါန်းမယ် လို့လည်း သိရပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာကို ဒေါ်လာ ၂သိန်းထပ်လှူမယ်လို့ ဖနွမ်းပင်ပိုစ့် သတင်းစာရဲ့ ရေးသားဖော်ပြချက် အရသိရပါတယ်။
ဒါဟာကမ္ဘောဒီးယားရဲ့ ဒုတိယအကြိမ်မြောက် အလှူဖြစ်ပြီး အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု ကပ်ရောဂါ အကူအညီပေးရေး အဖွဲ့ကနေတဆင့်လည်း မြန်မာအတွက် ဒေါ်လာ ၁သိန်းလှူထားသေးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုဆေးဝါးများ ဝယ်ယူနိုင်ဖို့ ဖြစ်တယ်လို့ သတင်းစာက ရေးသားပါတယ်။
မြန်မာရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတယ် ဆိုတဲ့အကြောင်းလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် ကဩဂုတ် ၁၇ ရက် ရက်စွဲနဲ့ နစက ဥက္ကဌ ဆီ စာရေးသားပေးပို့ထားတယ် လို့လည်း ဖနွမ်းပင်ပိုစ့် သတင်းစာရဲ့ ရေးသားဖော်ပြချက်အရသိရပါတယ်။
ကမ္ဘောဒီးယားဟာ အလှူငွေအပြင် နှာခေါင်းစည်း ၃သန်း၊ကိုဗစ်စစ်ကိရိယာ ၅သိန်း၊အောက်စီဂျင်စက် စတာတွေလည်း ပေးပို့ လှူဒါန်းမယ် လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here