မန္တလေးမြို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

0
156

မန္တလေးမြို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့မနက်က သေနတ်ပစ်ခံရပြီး သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးကတော့ မန္တလေး ချမ်းအေးသာစံမြို့နယ် ရွှေလှံ ရပ်ကွက်က အုပ်ချုပ်ရေးမှူးဖြစ်ကာ ရုံးထဲ ရှိနေစဉ် သေနတ်ဖြင့် ဝင်ပစ်ခံရတာလို့ သိရပါတယ်။

ရပ်ကွက်နေသူအချို့ရဲ့ ပြောပြချက်တွေအရ ဦးခေါင်းကို ကျည်ဆံထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အမရပူရ က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပါဆိုရင် မန္တလေးမှာ သေနတ်နဲ့ ပစ်ခံရလို သေဆုံးသွားရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၂ဦးရှိပြီ လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here