အကျဉ်းထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူများထဲက ၆၃၀ကျော် ကိုဗစ်ကူးစက်ခံခဲ့ရ

0
179

ရန်ကုန်အင်းစိန် အကျဉ်းထောင် အပါအဝင် မန္တလေးအကျဉ်းထောင်နဲ့ အချို့သော အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားကြရတဲ့ ထဲက ကိုဗစ် ကူးစက်ခံရတဲ့ အရေအတွက်ဟာ ၆၃၀ဦးကျော်ရှိတယ်လို့ နစကအကျဉ်းဦးစီးဌာနကပြောပါတယ်။

ဒီစာရင်းဟာ သြဂုတ်လ ၁၉ ရက်နေ့အထိ စာရင်းဖြစ်ပြီး ကိုဗစ်ကြောင့် ဆုံးပါးသွားသူ ၁၃ဦးရှိတယ်လို့လည်း အကျဉ်းဦးစီး ဌာနက ထုတ်ဖော်ပြောဆိုပါတယ်။

ကိုဗစ် ကူးစက်ခံရပြီး ကွယ်လွန် သွားတဲ့ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကဲ့သို့သော လူကြီးပိုင်းတွေအပြင် ပဲခူးNLD ဥက္ကဌ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ဦးညွှန့်ရွှေစတဲ့ လူကြီးပိုင်းတွေလည်း ပါဝင်တယ် လို့ သိရပါတယ်။

ကိုဗစ် ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့ မန္တလေးအိုးဘို ဗဟိုအကျဉ်းထောင် တိုဖြစ်ပါတယ်။

နောက်ဆုံးစာရင်းတွေ အရ ကိုဗစ်ကူးစက်ခံရပြီးဆေးရုံတက် ကုသနေကြသူတွေထဲက ၅၉၀ဦးဟာ ပြန်လည်ကောင်းမွန်သွားလို့ ဆေးရုံက ဆင်းသွားကြပြီလို့ သိရပါတယ်။

လက်ရှိအချိန်အထိ ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတက် ကုသနေကြရသူ ၁၃ဦးရှိပြီး ထိုထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဌ (၂)မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်လည်းပါတယ်လို့ အကျဉ်းဦးစီးဌာနကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here