အောက်ဆီဂျင် လိုအပ်ချက်ရှိသူ မည်သူမဆို အခမဲ့ ရယူနိုင်တော့မယ့်အကြောင်း ပြောပြခဲ့တဲ့ နန္ဒာလှိုင်

0
161

 

သရုပ်ဆောင် နန္ဒာလှိုင်က ဩဂုတ်လ၂၀ရက်နေ့ကစပြီး အောက်ဆီဂျင်လိုအပ်ချက်ရှိသူ မည်သူမဆို အခမဲ့ ငှားရမ်းမှာ ဖြစ်တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

“အောက်ဆီဂျင် လိုအပ်ချက်ရှိသူ မည်သူမဆို အခမဲ့ အောက်ဆီဂျင်ရယူလို့ရပါပြီ။
မနက်ဖြန် ၂၀ရက်နေ့ ညနေ ၃ နာရီကစပြီး အောက်ဆီဂျင် လိုအပ်နေသူများ အတွက် Oxygen Cylinder အိုးများဖြင့် အခမဲ့ လာရောက်ဖြည့်လို့ရပါပြီ။ အောက်ဆီဂျင် လိုအပ်နေသော လူနာရှင် ကိုယ်တိုင်မှ Zay Thiha၊ Nandar Hlaing ၊ Sein Phyo Hlaing၊ SEIN PHYO & YI အကောင့်များသို့ ဆက်သွယ်ပြီး အောက်ဆီဂျင် ထုတ်ယူနိုင်ပါတယ်။ ရောဂါပြန့်ပွါးမှု ထိန်းချုပ်နိုင်စေရန် တန်းစီစနစ်မလုပ်ထားဘဲ ကြိုတင် အကြောင်းကြားထားသူများကိုသာ ဖြည့်ပေးပါမယ်။ လူနာတစ်ဦးလျှင် နေ့စဉ် မည်သည့်အောက်ဆီဂျင် အိုး အရွယ်အစားမဆို တစ်လုံး ဖြည့်ပေးပါမယ်။ ၂၄ နာရီ ဖြည့်ပေးဖို့ စီစဉ်ထားပါတယ်။
ဖြည့်ရမဲ့နေရာကတော့ ဇေကမ္ဘာ ကုမ္ပဏီ ရုံးချုပ်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော် ၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီး ပါ။
ကျန်းမာကြပါစေ။

ဒီကုသိုလ်သည် နှစ်ဖက်သော မိဘများဖြစ်ကြတဲ့ ဦးခင်ရွှေ၊ ဒေါ်စန်းစန်းကြွယ်၊ ဦးချိန်လှိုင်၊ ဒေါ်ခင်လှ တို့မှစ၍ ဘဝအဆက်ဆက် မှတော်စပ်ခဲ့ဖူးသော မိဟောင်းဘဟောင်း ဆွေဟောင်း မျိုးဟောင်းများအားလုံးတို့၏ လိုအင်ဆန္ဒ များပြည့်ဝကြပြီး ကျန်းမာပျော်ရွှင် အသက်ရှည်ရှည်နေထိုင်ကြပါစေ။မြန်မာနိုင်ငံအတွင်း ကျန်းမာခြင်း၊ အေးချမ်းခြင်း၊ ချမ်းသာခြင်းစတဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာ ဆုမတောင်းဘဲ ထပ်တူထပ်မျှ ပြည့်ဝကြပါစေ ။ကောင်းမှုကံလမ်း ပွင့်လန်းကြပြီး မကောင်းသောကံအပေါင်းမှေးမှိန် ပျောက်ကွယ် ကင်းရှင်းကြပါစေ။ လျှောက်သောလမ်းတိုင်း သာယာကြစေပြီး ပြောသောစကားများ မင်္ဂလာ ရှိကြပါစေ။

စာကြွင်း။ နောက်တပတ် ထပ်ရောက်လာမဲ့ စက်တစ်ခုနဲ့ဆိုရင် နေ့စဉ် 40L အိုး အလုံးပေါင်း ၃၀၀ မျှဝေနိုင်ပါမယ်။”ဆိုပြီး ရေးသားထား ပါတယ်။

#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here