အကျဉ်းထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်းထားသူ နီးပါး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီလို့ အကျဉ်းဦးစီးဌာနဆို

0
223

အကျဉ်းထောင်ထဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသူ၊ အကျဉ်းသား အကုန်နီးပါး ကာကွယ်ဆေးထိုးနှံပြီးပြီလို နစကအကျဉ်း ဦးစီးဌာန ပြောရေးဆိုခွင့်ရ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်)ဆေးကို ထိုးနှံပေးခဲ့တာဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက် အရ ကာကွယ်ဆေး မထိုးနှံသင့်တဲ့သူ၊ ကိုယ်တိုင်ဆန္ဒပြုမှု မရှိသူတွေ ကလွဲရင် အကုန်လုံးနီးပါး ထိုးပြီးသွားပြီလို့ ဦးချမ်းအေးကျော်က ပြောပါတယ်။

“နောက်ဆုံးရတဲ့ စာရင်းတွေအရ ၄၀၀၀၀ကျော်ကို ထိုးပြီးပါပြီ။ အကျဉ်းထောင်တွေထဲ ရှိတာလည်း ဒီပမာဏဆိုတော့ အကုန်လုံးနီးပါး ထိုးပြီးပြီလို ပြောလိုရပါတယ်”လို့ ဦးချမ်းအေးကျော်က ပြောပါတယ်။

အကျဉ်းဦးစီးဌာနကနေ ရရှိတဲ့စာရင်းတွေအရ နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းထိန်ဟာ ကိုဗစ်ကာကွယ်ဆေးကို ဆန္ဒအလျှောက် မထိုးနှံဘူးလို ငြင်းပယ်ခဲ့တဲ့အတွက် မထိုးပေးခဲ့ဘူးလို့ သိရှိရ သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဌ(၂)ဒေါက်တာဇော်မြင့်မောင်ကိုလည်း ရောဂါအခံကြောင့် ဆရာဝန်မှတ်ချက်နဲ့ မထိုးပေးဘူးလို့ သိရပါတယ်.

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာမှာ အလုပ်စခန်းက အကျဉ်းသူ၊ အကျဉ်းသားတွေလည်းပါတယ်လို့ သိရပါတယ်။

ကိုဗစ် တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၆၀၀ကျော်ရှိခဲ့ပြီး သေဆုံးခဲ့တဲ့သူ အရေအတွက် ၁၃ဦးရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ကိုဗစ်ကူးစက် ခံရပြီးဆေးရုံတက်နေသူ ၁၅ဦးရှိတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here