မိုးကြီးပြီး မြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်က မိုးစပါး စိုက်ဧက ၃၀၀၀ နီးပါးနစ်မြှပ်နေ

0
144

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ဧရာဝတီမြစ်၊ တာပိန်မြစ်တို့ ရေကြီးရေလျှံခဲ့တာကြောင့် မိုးစပါးစိုက်ဧက ၃၀၀၀နီးပါး နစ်မြှပ်နေတယ်လို့ သိရပါတယ်။

ရေကြီးနစ်မြှပ်နေတဲ့ မိုးစပါးဧက ၃၀၀၀နီးပါးဟာ ကျေးရွာအုပ်စု၂၀၊ ကွင်းပေါင်း ၃၇ကွင်းက တောင်သူ ၉၅၅ဦး လုပ်ကိုင်ဆောင်ရွက်နေတဲ့ လယ်တွေလို့ မြိုနယ် စိုက်ပျိုးရေး ဦးစီးဌာနနဲ့ မြိုနယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီး ဌာနတို့ကနေ သိရပါတယ်။

မိုးလေဝသ နဲ့ဇလဗေညွှန်ကြားမှု ဦးစီးဌာနရဲ့ သြဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရွှေကူမြို့ဟာ နောက်ထပ် ၂ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ပြောဆိုထားပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ သပိတ်ကျင်း တို့ဟာ စိုးရိမ်ရေမှတ် ကို မရောက်သေးဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်းပဲ ဗန်းမော်မြို့နယ်ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် မှာ ၁၁၅၀ စင်တီမီတာဖြစ်ပြီးနောက်ထပ် ၂၄နာရီအတွင်း ဧရာဝတီမြစ်ရေသည် ၁၀၂၂ စင်တီမီတာအထိ မြင့်တက်လာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးချက် ထုတ်ပြန် ထားတာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here