မလေးရှားဝန်ကြီးချုပ်အသစ်အား စင်ကာပူဝန်ကြီးချုပ် တယ်လီဖုန်းဖြင့် ဂုဏ်ပြုစကားပြောကြား

0
110
စင်ကာပူ၊ သြဂုတ် ၂၂
မလေးရှားနိုင်ငံရဲ့ နဝမမြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒါတို ဆရီ အစ္စမေးလ် ဆာဘရီ ယာကွတ်ဘ်ကို ဒီနေ့မှာပဲ တယ်လီဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
မလေးရှားနဲ့ စင်ကာပူနှစ်နိုင်ငံဟာ ပျော်ရွှင်စွာ နွေးထွေးနက်ရှိုင်းမှုနဲ့ ဘက်ပေါင်းစုံ ဆက်ဆံလျှက်ရှိပါကြောင်း၊ နှစ်နိုင်ငံဟာ ဘုံအကျိုး စီးပွားတွေအများကြီးရှိပြီး၊ နှစ်နိုင်ငံမိသားစုတွေဟာလဲ နယ်နိမိတ်ကန့်သက်ချက်ကိုကျော်လွန်တဲ့ မိသားစုတွေသဖွယ်ပဲ ဆက်ဆံနေကြ တာဖြစ်ကြောင်း၊ လက်ရှိကာလတွေမှာတော့ ဖြစ်ပွားနေတဲ့ ကပ်ရောဂါအပါအဝင် စိန်ခေါ်မှုတွေကို အတူတကွ အနီးကပ် ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်းကိုလဲ မစ္စတာလီရှန်လွန်းက ရေးသားထားပါတယ်။
ဒါတို ဆရီ အစ္စမေးလ်ဆာဘရီဟာ စင်ကာပူ-မလေးရှား COVID-19 အထူးအလုပ်ကော်မတီမှာ တွဲဖက်ဥက္ကဌအဖြစ်တာဝန်ယူခဲ့သူ လဲဖြစ်ပြီး နှစ်နိုင်ငံနယ်နိမိတ်တွေကို ကျော်ဖြတ်ကာ အတူတကွ ပူးတွဲဆောင်ရွက်ခဲ့သူလဲဖြစ်ကြောင်း လီရှန်လွန်းကရေးသား ထားပါသေး တယ်။
ဒါတိုဆရီ အစ္စမေးဆာဘရီရဲ့ ပြည့်သူဝန်ဆောင်မှု ဆိုင်ရာ ကြွယ်ဝတဲ့အတွေ့အကြုံတွေနဲ့ အစိုးရလုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေကြောင့် စင်ကာပူ- မလေးရှားနှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးဟာ ဆက်လက်ပြီး တိုးတက် ပွင့်လန်းနေမှာဖြစ်တယ်လို့ သူ အခိုင်အမာ ယုံကြည်ကြောင်း ကိုလဲ ရေးသားထားပါသေးတယ်။
ဒါ့အပြင် မလေးရှားဝန်ကြီးချုပ်အနေနဲ့ စင်ကာပူကို မကြာခင်ပဲ လာလည်ဖို့ဖိတ်ကြားပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရာမှာ ဘယ်လို ချဲ့ထွင်ဆောင်ရွက်ကြမလဲဆိုတာကို နှစ်ဦးသားဆွေးနွေးကြ ဖို့မျှော်လင့်ကြောင်းကိုလဲ မစ္စတာ လီရှန်လွန်းကရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here