YCDC ဝန်ထမ်းအိမ်ရာ နှင့်ရပ်ကွက်အချို့၌ ရွေ့လျားဈေးကားဖြင့် သက်သာစွာ ရောင်းချပေးနေ

0
135
ရန်ကုန်၊ဩဂုတ် ၂၂
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းစည်ပင်အိမ်ရာဝင်းတွင် ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီ များမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုးတို့အား ဝန်ထမ်းမိသားစုများကို ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန် ရောင်းချပေးလျှက်ရှိသည်။
ယနေ့ ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ရောင်းချသော စားသောက်ကုန်များမှာ ကြက်သား ၁ ကောင် ကျပ် ၅,၀၀၀ နှုန်း၊ ဝက်သား ၁ ပိဿာ ကျပ် ၁၀,၀၀၀ နှုန်း၊ ဝက်နံရိုး ၁ ပိဿာ ၁၀,၀၀၀ နှုန်း၊ အမဲသား ၁ ပိဿာ ကျပ် ၁၂,၀၀၀ နှုန်း၊ ဆိတ်သား ၁ ပိဿာ ကျပ် ၁၇,၀၀၀ နှုန်း၊ ကြက်ဥ ၁ လုံး ကျပ် ၁၂၀-၁၂၅ နှုန်း၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် မီးဖိုချောင်သုံးကုန်ခြောက်မျိုးစုံတို့ကို့ ဝန်ထမ်းမိသားစုများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်အောင် ရောင်းချပေးခဲ့သည်။
“ဝန်ထမ်းအိမ်ရာတွေကိုဩဂုတ် ၁၈ ရက်နေ့ကစပြီးရောင်းတယ်။နက်ဖြန်နားမယ်။ ၂၄ရက်‌ နေ့ ပြန်ရောင်းမယ်။
တချို့ ရပ်ကွက်တွေမှာလည်း တိ/ကုဌာနလိုင်စင်စီတွေက ကြက်၊ဝက်၊အမဲ၊ဆိတ် သားတို့ကို ၁၉ ရက်နေ့ ကစပြီးရောင်းတယ်၊ ဒီနေ့‌တော့ နားတယ်”ဟု စည်ပင်မှ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။
ရောင်းချရာနေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရန်လည်း တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပ်မတ်စစ်ဆေးလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here