စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယခုနှစ် မိုးစပါးရာသီ၌ ဆည်ကန်ရေဖြင့် မိုးစပါး ဧရိယာ ဧက ခြောက်သိန်းကျော်စိုက်ပျိုးမည်

0
77

နေပြည်တော် ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါးရာသီ၌ ဆည်ကန်ရေဖြင့် ဧရိယာ ဧက ခြောက်သိန်းကျော် စိုက်ပျိုးမည်ဖြစ်ပြီး လက်ရှိတွင် စိုက်ပျိုးမှုများဆောက်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်မိုးစပါးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ၌ ဆည်ကန်ရေဖြင့် ဧရိယာ ဧက ခြောက်သိန်းခုနစ်သောင်းကျော်၊ မြစ်ရေတင်ဖြင့် ဧက လေးသောင်းရှစ်ထောင်ကျော် ၊ မြေအောက် ရေဖြင့် ဧက တစ်သောင်းခုနစ်ထောင်ကျော် ၊ မိုးကောင်းသောက်ဖြင့် ဧက ဆယ်သိန်း ခုနစ်သောင်းကျော်ဖြင့် စုစုပေါင်းမိုးစပါးဧက တစ်ဆယ့်ရှစ်သိန်းကျော် စိုက်ပျိုး သွားမည် ဖြစ်ကြောင်း သိရသည်။

” ဆည်ရေသောက်လယ်များကို ဩဂုတ်လကုန်၊ စက်တင်ဘာလဆန်းမှာ ကွင်းပိတ် စိုက်ပျိုးနိုင် မှာဖြစ်ပြီး မိုးကောင်းသောက် လယ်တွေကို စိုက်ပျိုးနိုင်မယ်။ စက်တင်ဘာလ(၁၅)ရက်တို့မှာ ရေကျနောက် စိုက်စပါးတွေကို စိုက်မယ်။ စက်တင်ဘာ(၁၅)ရက် သိုမဟုတ် စက်တင်ဘာ လကုန်မှာ ကွင်းပိတ်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပြင် ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ်တို့၏ မြစ်ရေလွှမ်းမိုးချိန် ကြာမြင့်မှုနှင့် ရာသီဥတု အပြောင်းအလဲရှိပါက ရေကျနောက်စိုက် စပါး အချို့မှာ အောက်တိုဘာလ ပထမပတ်အထိ နောက်ကျ သွားနိုင် ကြောင်း၊ မိုးသီးနှံများ အားလုံး၏ လျာထား စိုက်ဧကများ ပြည့်မီရေးနှင့် အထွက်နှုန်း တိုးတက်ရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် မိုးစပါးစိုက်ရာသီတွင် နိုင်ငံတစ်ဝန်းရှိ မိုးစပါးစိုက်ဧက ပေါင်း ၁၅ သန်းကိုစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်နေပြီး ၅၀ ရာခိုင်နှုန်းကျော်ထိ စိုက်ပျိုးပြီးစီးထားပြီဖြစ်ကြောင်း၊ လက်ရှိရာသီဥတုအခြေနေအရ အဆိုပါ စိုက်ဧက ၁၅ သန်းကို လျာထားဆောင်ရွက်ထားဖြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here