အာဖဂန် သမ္မတဟောင်း ဂါနီအား တာလီဘန်တို့ လွတ်ငြိမ်းခွင့်တိုးမြှင့်

0
162
အာဖဂန်သမ္မတဟောင်း အာရှရပ်ဖ်ဂါနီ
အာဖဂန်သမ္မတဟောင်း အာရှရပ်ဖ်ဂါနီ

ကဘူးလ်၊ သြဂုတ် ၂၃

နိုင်ငံကိုစွန့်ခွာသွားသော အာဖဂန်နစ္စတန်နိုင်ငံ သမ္မတဟောင်း အာရှရပ်ဖ်ဂါနီအနေဖြင့် တိုင်းပြည်သို့ပြန်လာပါက မည်သို့မျှ အရေးယူမည် မဟုတ်ကြောင်း တာလီဘန်အကြီးအကဲတစ်ဦးဖြစ်သည့် ခါလီ အာရာမန်က ပြောကြောင်း Sputnik ဌာန၏ သတင်းဝယ်ရေး သားဖေါ်ပြထားသည်။
ခါလီသည် ကဘူးလ်မြို့လုံခြုံရေးကို တာဝန်ယူထားသူဖြစ်ပြီး သတင်းဌာနများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောခြင်းဖြစ်သည်။ “ကျွန်တော်တို့ဟာ သမ္မတဟောင်း အာရှရပ်ဖ်ဂါနီ၊ ဒုသမ္မတဟောင်း အမ်ရူလာဆာလေးနဲ့ သမ္မတလုံခြုံရေးအတိုင်ပင်ခံ ဟမ်ဒူလာမိုဟစ် တို့ကို ခွင့်လွှတ်ပါတယ်။ ကျွန်တော်တို့နဲ့ သာမန်ပြည်သူတစ်ယောက်အဖြစ် တိုက်ခိုက်ခဲ့ဖူးသူတွေအားလုံးကိုလဲ ခွင့်လွှတ်ပါတယ်။ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ဖူးတဲ့အကြီးအကဲကအစ သာမန်လူအထိအဆုံး အားလုံးကို ခွင့်လွှတ်ပါတယ်”ဟု သူကပြောခြင်းဖြစ်သည်။ ထိုသူတို့အနေဖြင့် တိုင်းပြည်သို့ ပြန်လာနိုင်ကြကြောင်းကိုလည်း သူကထပ်လောင်းပြောကြားသည်ဟု Sputnik သတင်းဌာနက ဖေါ်ပြထားသည်။
သမ္မတဟောင်း ဂါနီသည် တာလီဘန်တို့ ကဘူးလ်မြို့ကိုသိမ်းပိုက်သည်တွင် တိုင်းပြည်ကို စွန့်ခွာခဲ့ပြီး ယခုအခါ အာရပ်စော်ဘွား များ သမ္မတနိုင်ငံ(UAE) သို့ရောက်ရှိနေသည်။ ဒုတိယသမ္မတ အမ်ရူလာဆာလေးကလည်း သူသာလျှင် အာဖဂန်နစ္စတန်နိုင်ငံကို တရားဝင်ထိမ်းသိမ်းစောင့်ရှောက်သူ သမ္မတဟု ကြေညာခဲ့ပြီး ယခုအခါ အာဖဂန်နိုင်ငံ ပန်ရှား(Panjshir)ပြည်နယ်အတွင်းတွင်ရှိနေသည်။
ပုံစာ – အာဖဂန်သမ္မတဟောင်း အာရှရပ်ဖ်ဂါနီ
Ref:
1/ Taliban extend amnesty to Ashraf Ghani, Amrullah Saleh(ANI News)
2/ Afghanistan Taliban Crisis LIVE News Updates: Taliban extend amnesty to Ashraf Ghani, Amrullah Saleh(The Economic Times)
3/ Taliban declares general ‘amnesty’ for Afghan government officials(France 24)


LEAVE A REPLY

Please enter your comment!
Please enter your name here