မြန်မာတွင် ပထမဦးဆုံး ဖွင့်ခွင့်ရ နိုင်ငံခြားလက်အောက်ခံ ကိုရီးယား KB ဘဏ်အရှုံးပေါ်

0
182

မြန်မာနိုင်ငံမှာ နိုင်ငံခြားလက်အောက်ခံ ဘဏ်တစ်ခု လာဖွင့်ထားတဲ့ ကိုရီးယားအခြေစိုက် KB Kookmin Bank ဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှပ်နှံမှုပြုလုပ်တဲ့ ပထမနှစ်ဝက်မှာတင် ဝမ် ၅.၃ ဘီလီယံအထိ အရှုးပေါ်ခဲ့တယ်လို့ အဲ့ဒီဘဏ်ရဲ့ တာဝန်ရှိသူကို ကိုးကားပြီး The Korea Time သတင်းဌာနက အခုရက်ထဲ ဖော်ပြရေးသားပါတယ်။

“မြန်မာနိုင်ငံမှာတော့လက်လီလုပ်ငန်းအပေါ်အာရုံစိုက်တဲ့ အတွက် အကျိုးသက်ရောက်မှု ကပိုများတယ်” လို့ သူက The Korea Time သတင်းဌာန ကို ပြောဆိုပါတယ်။

ကိုရီးယား အခြေစိုက် KB Kookmin Bank ဟာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို အမြတ်ငွေ အသီးသီးရထားတဲ့ ဘဏ်တစ်ခုလို့လည်း The Korea Timeက ဆိုထားပါတယ်။

တောင်ကိုရီးယားက ထိပ်တန်းဘဏ်ကြီးတစ်ခုဖြစ်တဲ့ KB Kookmin Bank ကို KB Bank Myanmar Ltd. အမည်နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် လက်အောက်ခံ ဘဏ်တစ်ခုအဖြစ် ဖွင့်ခွင့်လိုင်စင်ကို NLD အစိုးရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ၂၃ရက် မှာ လိုင်စင်ချထားပေးခဲ့ပြီး၂၀၂၀ ဒီဇင်ဘာ၂၈ရက်နေ့ကစလို့ ပြည်တွင်းဘဏ်တွေ နည်းတူ လက်လီ ဘဏ်လုပ်ငန်း အပါအဝင် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

KB Kookmin Bankဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်တဲ့ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ် တစ်ခုလည်းဖြစ်ပါတယ်။

နိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ အနေ နဲ့ နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်မှုက ၁၇ဘဏ် ၊နိုင်ငံခြားဘဏ်များ၏ ကိုယ်စားလှယ်ရုံးခွဲ များအနေဖြင့် ၃၅ခုရှိပြီး နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ် အဖြစ် ယခု ကိုရီးယားဘဏ် အပါအဝင်Industrial Bank of Korea (IBK)နဲ့ ထိုင်းနိုင်ငံမှ Siam Commercial Bank (SCB)ခုတို့ကိုခွင့်ပြုပေးထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဝက်ဆိုဒ်စာမျက်နှာက နေသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here