နေပြည်တော်တွင် ယခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၁၆၀၅ ဒသမ ၉ သန်း ထုတ်ချေးပေးထားပြီး ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းသာ ရှိ

0
140

နေပြည်တော်၊ ဩဂုတ် ၂၅

နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ တောင်သူများအတွက် ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ကျပ်၁၆၀၅ ဒသမ ၉ သန်း ထုတ်ချေးပေးထားပြီး ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် (နေပြည်တော်) မှ သိရသည်။

လက်ရှိတွင် ၂၀၂၁ ခု နှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုင်းနှင့် အခြား သီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း တို့ဖြင့် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြငိ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်မှ စ၍ ထုတ်ချေးပေးနေပြီဖြစ်ရာ ဩဂုတ် ၁၃ ရက်နေ့ထိတွင် နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ တောင်သူဦးရေ ၂၇၂၇ ဦးကို စိုက်ဧကပေါင်း ၁၁၂၉၃ ဧကအတွက် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေကျပ် ၁၆၀၅ ဒသမ ၉ သန်း ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ လက်ရှိချိန်ထိ ယခင် ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကောက်ခံရရှိမှုမှာ ၃၇၉၃ ဒသမ ၉၃ သန်း ကောက်ခံရရှိထားပြီး ကြွေးကျန် ငွေကျပ်သန်း ၁၆၈၈၀ ဒသမ ၉၇ ကောက်ခံရရှိရန် ကျန်ရှိနေသေးကြောင်း သိရသည်။

” ဒီနှစ်က ကိုဗစ်ကြောင့် ကန့်သတ်ချက်တွေ ရှိလာတာရော၊ တစ်နေရာနဲ့ တစ်နေရာ အသွားအလာ ကန့်သတ်မှုတွေရယ်ကြောင့် ဘဏ်တွေကို သွားလာပြီး ချေးငွေ လာမဆပ်နိုင်ကြတာလေးတွေရှိသလို ရုံးပိတ်ရက်လေးတွေကလဲ ဒီလထဲများနေတော့ တောင်သူတွေက မြေစာရင်းရုံးကထောက်ခံချက်တွေလဲ မရရှိနိုငိတာလေးတွေလဲ ရှိနေပါတယ်။ အခုအနေအထားက ၈ % ပဲ ထုတ်ချေးပေးထားနိုင်သေးတဲ့ အခြေအနေပါ။ အများကြီး ထုတ်ချေးပေးသွားဖို့ ကျန်ပါသေးတယ်” မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဥိးကပြောပြသည်။

နေပြည်တော်ပြည်ထောင်စု နယ်မြေတွင် စိုက်ဧကပေါင်း ၁၆၀၀၀၀ ကျော်ရှိသော်လည်း ပုံစံ(၇) ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း၊ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း ယခင် ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးပေးခဲ့ရာတွင် တောင်သူ ၃၅၆၈၉ ဦးကို စပါးစိုက်ဧက ၁၂၈၄၅၀ ဧကနှင့် အခြားသီးနှံစိုက်ဧက ၁၄ဝ၇၄ ဧကအတွက် ငွေကျပ်သန်းပေါင်း ၂ဝ၆၇၄ ဒသမ ၉ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here