ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) လုပ်ငန်းများ ပြန်လည်စတင်

0
177

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဆောင်ရွက်တဲ့ မြန်မာနိုင်ငံတွင်းဆောင်ရွက်နေတဲ့ ထိခိုက်လွယ်သူ မိသားစုတွေကို လစဉ် ကူညီထောက်ပံ့ပေးနေတဲ့ အစီအစဉ်ကို အခုအပါတ်ကစပြီး ရခိုင်ပြည်နယ်မှာ ပြန်လည်စတင်နေပါပြီ။

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ယာယီရပ်တန့်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က ထိခိုက်လွယ်သူ မိသားစုတွေကို လစဉ် စားနပ်ရိက္ခာနဲ့ ငွေသား အထောက်အပံ့ပေးမှုတွေကို (WFP) က ပြန်လည် စတင်နေပြီအကြောင်းလည်း တရားဝင် သတင်းတစ်ရပ်နဲ့ ဖော်ပြထားတာရှိပါတယ်။

WFP ဟာ ကချင်၊ ချင်း၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တို့က စားနပ်ရိက္ခာ အခက်အခဲရှိသူ လူဦးရေပေါင်း ၃၆၀,၀၀၀ တို့ကို လစဉ် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ၊ ငွေသား အထောက်အပံ့များကို ပေးအပ်နေတာပါ။ အထောက်အပံ့ရကြသူတွေက အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ သွားရောက်ကူညီဖို့ မလွယ်ကူတဲ့ လူမှု အသိုက်အဝန်းဝိုင်းတွေ နဲ့ ပဋိပက္ခကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်ရသူ မိသားစုတွေ အဓိကပါဝင်တယ်လို့သိရပါတယ်။

WFP ဟာ ၁၉၉၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေး အတွက် အစဉ်အဆက် ပံ့ပိုးပေးလျက်ရှိပြီး၊ ထိုသို့ ဆက်လက် ကူညီထောက်ပံ့သွားရန်လည်း ကတိကဝတ်ပြုထားတဲ့ အဖွဲ့ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here