ဖခင်ဖြစ်သူရဲ့ ဈာပနကို လိုက်ပို့ခွင့်မရခဲ့တဲ့ ချစ်သုဝေ

0
240

အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေက ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့လို့ စိတ်မကောင်းဖြစ် နေကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ အခုလိုပဲရေးသားထားပါတယ်။

“Daddy..
ရင်ကွဲနာဟာအတော်ဆိုးဆိုးပါပဲ dae…
သားသမီး တာဝန်အလုံးစုံ မကျေနိုင်သလို ခံစားမိတဲ့နောင်တ တချို့လည်းပါတယ်..
ယူကြုံးမရ ဖြစ်မှုတွေလည်းပါတယ်…
Dae အရမ်းအားကိုးတဲ့ မီးငယ်ပေါက် dae ကို မကယ်နိုင်ခဲ့ဘူး..
နောက်ဆုံးခရီးလည်းမပို့နိုင်ခဲ့ဘူး…
ရက်လည် ဆွမ်းသ င်္ကန်း ကိုယ်တိုင်ကိုယ်ကျ dae အတွက် မကပ်နိုင်ခဲ့ပြန်ပါဘူး…
သူတပါးအတွက်တောင်အရာရာ ကိုယ်တိုင်လုပ်ပေးရမှ စိတ်ကျေနပ်တတ်တာ…ခုတော့…dae အလှည့်မှ…

Dae အတွက်ရည်စူးပြီး ကုသိုလ်ပြုသမျှအတွက် dae မြင့်မြတ်ရာဘုံဘဝက သာဓုခေါ်ပါနော်🙏🙏🙏🙏🙏
Dae ကို ချစ်လို့ ရည်စူးကုသိုလ်ပြုပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကိုလည်းကျေးဇူးပါနော်🙏 “လို့ ရေးသားထားပါတယ်။

#Popularjournal
Photo-crd

 


LEAVE A REPLY

Please enter your comment!
Please enter your name here