ဧရာဝတီမြစ်တစ်လျှောက်မြို့များကို မြစ်ရေကြီးခြင်းသတိပေးချက်ထုတ်ပြန်

0
126

ဧရာဝတီမြစ် တစ်လျှောက်ရှိ မြို့များဖြစ်တဲ့ ညောင်ဦးမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဆိပ်သာမြို့များရဲ့ ဧရာဝတီမြစ်အခြေအနေဟာ လက်ရှိ မှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိရန် ၁ ပေခန့်သာ လိုအပ်တဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။

ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိရန် ပေဝက်ခန့်သာလိုတော့တာဖြစ်ပြီး နောက် ၂ ရက်မှာ စိုးရိမ်ရေမှတ် ကိုရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဆိပ်သာမြို့များရဲ့ ဧရာဝတီမြစ်ရေ အခြေအနေဟာလည်း စိုရိမ်ရေမှတ်ကိုရောက်ရှိရန် ၁ ပေခန့်သာ လိုတော့တာ ဖြစ်ပြီး နောက် ၃ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကိုရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ညောင်ဦးမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဆိပ်သာမြို့များရဲ့ မြစ်ကမ်း အနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို အထူး သတိပြုနေထိုင်ကြဖို့ သတိပေးချက်တစ်ရပ်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ယခုတိုင်းတာချက်များဟာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ယနေ့သြဂုတ်လ ၃၀ ရက်နေ့တိုင်းထွာ ခန့်မှန်းချက် များဖြစ်ပါတယ်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here