ရောဂါပိုး မျိုးရိုးဗီဇပြောင်းလဲစစ်ဆေးမှုအရ ဗီဇပြောင်းပိုးများတွေ့ရှိ၍ ယခင်ကပင် လိုအပ်သည်များကို ဆောင်ရွက်ပြီးစီးကြောင်း ဒေါက်တာခင်ခင်ကြီးမှ သုံးသပ်ဆွေးနွေ

0
146
ဒေါက်တာ ခင်ခင်ကြီး

ရန်ကုန်၊ ဩဂုတ် ၃၀

လက်ရှိတွင် ဖြစ်ပွါးနေသော ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့မှစ၍ နေအိမ်တွင်သာနေထိုင်ရန် Stay at home အား (၁၁၉)မြို့နယ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီး၏ သုံးသပ်ဆွေးနွေးချက်အစီအစဉ်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းမှစ၍ ဗီဇပြောင်းပိုးများ ခံစားနေကြရပြီး အိမ်နီးချင်းနိုင်ငံတွေ မှာလည်း ၂၀၂၁ခုနှစ် မတ်လကုန် ဧပြီလလောက်တွင် ကူးစက်ပျံ့ပွါးမှု ပိုများလာကြောင်းသိရသည်။ ထို့နောက် ၂၀၂၁ခုနှစ်မေလတွင် မြန်မာနှင့်အိန္ဒိယ နယ်စပ်အနီး ချင်းပြည်နယ် မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနှင့် တပ်မှူးမြို့များသို့ ကူးစက်ပျံ့နှံ့လာသည်ဟု သုံးသပ်ကြောင်း ၎င်းမှပြောသည်။

ယင်းနောက် ဇွန်လကုန်လောက်တွင် မြန်မာနိုင်ငံ၌ကူးစက်များများလာပြီး မျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးချက်အရ ဓာတ်ခွဲနမူနာ ၂၀ ကိုစစ်ဆေးရာ အယ်လ်ဖာဗီဇပြောင်းပိုး (၄)ယောက်၊ ဘီတာ ဗီဇပြောင်းပိုး (၄)ယောက်၊ ဒယ်တာ ဗီဇပြောင်းပိုး (၇)ယောက် တွေ့ရှိပြီး နောက်ထပ် ဗီဇပြောင်းပိုးတစ်ခုဖြစ်သော ဆိုးရွားနိုင်သည့် သတိထားရမည့် ကပ်ပါ ဗီဇပြောင်းပိုး (၄)ယောက် တွေ့ရှိကြောင်းလည်း သိရသည်။

အဆိုပါဗီဇပြောင်းပိုးများ ရှိသည်ဟု မသိခင်ကတည်းမှစ၍ မေလ(၂၇)ရက် စတွေ့သည့်အချိန်တွင် လည်း လိုအပ်သော လုပ်ငန်းဆောင် တာများကို သေချာဆောငါရွက်ပြီးဖြစ်ကြောင်းနှင့် ဗီဇပြောင်းပိုး စတွေ့လာသည်နှင့်တစ်ပြိုင်နက် ဂရုစိုက်နေထိုင်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သေးသည်။

လက်ရှိ မြန်မာနိုင်ငံနှင့်အခြားသော အရှေ့တောင်အာရှနိုင်ငံ အများစုများမှာလည်း ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပေါ်လျက်ရှိပြီး ကနေဒါ၊ ဆွစ်ဇလန်၊ ဂျာမနီ၊ ဟောင်ကောင်၊ ပြင်သစ်၊ အရှေ့တောင်အာရှရှိ ဂျပန်နိုင်ငံနှင့် အရှေ့ဘက်ပိုင်းဒေသ တစ်ချို့တို့တွင် စတုတ္ထလှိုင်း ဖြစ်ပေါ်နေကြောင်းသိရသည်။ သို့သော် အိန္ဒိယနိုင်ငံတွင်မူ ဒုတိယလှိုင်းသာဖြစ်ပွါးလျက်ရှိသည်။
1


LEAVE A REPLY

Please enter your comment!
Please enter your name here