ပရိသတ်တွေဆီက အကောင်းတွေပဲ ကြားချင်တဲ့ ကျွန်မကပဲမှားတာပါ သင်ဇာဝင့်ကျော်

0
212

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဩဂုတ်လ၃၁ရက်နေ့က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လတ်တလောခံစားနေရတဲ့ ခံစားချက်တချို့ကို စာလေးရေးပြီး တင်ထားခဲ့ပါတယ်။အဲ့ဒီခံစားချက်ကို ရေးသားထားတဲ့စာလေးကတော့

“ My feelings

တခါတလေကျရင်ဟိုးအဝေးဆုံးကိုထွက်သွားလိုက်
ချင်တယ် … လူ့ပြည်မဟုတ်တော့လဲရတယ်
ဘယ်ပဲဖြစ်ဖြစ် … ကိုယ်ကကိုယ့်အကြောင်းနဲ့ကိုယ်
ကောင်းဖို့ကြိုးစားရင်တောင် လူတွေရဲ့စိတ်နဲ့ ပါးစပ်တွေက အမျိုးမျိုး ထင်ရာမြင်ရာကြားရာတွေလျှောက်ပြောနေကြတာ … လူ့စည်း ဘီလူးစည်းဆိုတာတွေနားမလည် … သူများအခက်အခဲကိုလဲကိုယ်ချင်းမစာမနာ နားမလည်ပေးကြ … သူဘာကြောင့်ဒီလိုဖြစ်ရလဲ ဘာ့ကြောင့်ဒီလိုလုပ်နေရလဲဆိုတာလဲဖြည့်မတွေး … ရှင်တို့မမှားပါဘူး … ရှင်တို့ဆီက အကောင်းမြင်စိတ်တွေ ကောင်းတဲ့စကားတွေပဲကြားချင်နေမိတဲ့ ကျမကပဲမှားတာပါ … တခြားဘာမှမမျှော်လင့်တော့ပါဘူး … ရှင်တို့ဆီက ငါသာသူ့နေရာမှာသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးပါ …
ယုတ်မာချင်သူများလဲဆက်ယုတ်မာနိုင်ကြပါစေ
ဝဋ်ရှိရင်လဲကြေပါစေ
အားလုံးကျန်းမာချမ်းသာကြပါစေ။”လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here