ပထမဦးဆုံးစျေး စရောင်းတဲ့အချိန် ရခဲ့တဲ့ ပိုက်ဆံ ၃သောင်းကို အရမ်း တန်ဖိုးထားခဲ့တယ် ဆိုတဲ့ စွမ်းထက်အောင်

0
217

ပထမဦးဆုံးစျေးစရောင်းတဲ့အချိန် ရခဲ့တဲ့ပိုက်ဆံ ၃သောင်းကို အရမ်းတန်ဖိုးထားခဲ့တယ် ဆိုတဲ့ စွမ်းထက်အောင်

အစီအစဉ်တင်ဆက်သူ ၊သရုပ်ဆော င်စွမ်းထက်အောင်ကတော့ လတ်တလော အခြေအနေတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားထား ရတဲ့အချိန် စားသောက်စရာများ ကိုယ်တိုင်ချက်ပြုတ်ရောင်းချနေပါတယ်။ ကိုယ်တိုင်စီးပွါးရေးလုပ်တဲ့အခါ၊ ဝင်ငွေနဲ့အခက်အခဲ များကို လည်း အခုလိုပဲပြောပြခဲ့ပါတယ်။

 

“ အဓိကကတော့ ဒီကာလမှာ ကျန်တာလုပ်စရာလဲမရှိတော့ ကိုယ်လုပ်တက်တဲ့ အလုပ်ပဲ လုပ်ရတာပေါ့။ ဒီကာလတွေစဖြစ်ကတည်းက ကိုယ်လုပ်တတ်တာကလည်း အနုပညာပဲလေ။ အနုပညာကလည်း လုပ်စရာ မရှိတော့ ကိုယ်ကျွမ်းကျင်တဲ့ ဟင်းချက်တာလေးကို လုပ်ဖြစ်တာပါ။ လုပ်တဲ့အချိန်မှာလည်း ပထမဦးဆုံး အုန်းနို့ခေါက်ဆွဲရောင်းတော့ အော်ဒါကောက်တာ ပွဲရေ ၁၀၀ကျော်ရတယ်။ ပျော်တာ ပေါ့နော် အဲ့လောက်အားပေးကြတော့။ ဒါပေမယ့် တော်တော်ပင်ပန်းတယ် တစ်ယောက်ထဲ လုပ်ရတာဆိုတော့။ ဒါပေမယ့်လည်း လုပ်ခဲ့တယ်။အဲ့ဒါနဲ့ ရောင်းပြီး ပိုက်ဆံ အမြတ်တွက်လိုက်တော့ တစ်သောင်းတန်သုံးရွက် သုံးသောင်းပဲ ပိုတာပေါ့နော်။ အဲ့အချိန်မှာ တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ်။ အစီအစဉ်တင်ဆက်သူ လုပ်တုန်းက ဝင်ငွေနဲ့ အခုစျေးရောင်းတဲ့ ဝင်ငွေနဲ့ အများကြီး ကွာပေမယ့် တက်နိုင်သလောက်တော့ ကြိုးစားနေပါတယ်။အခက်အခဲတွေကတော့ ကျွန်တော်တစ်ယောက်ထဲမဟုတ်သလို အကုန်လုံး လည်း ရှိခဲ့ကြတာဆိုတော့ အဆင်ပြေအောင်တော့ နေပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here