မန္တလေးတွင် ဂိုဒေါင်နှင့် သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၃၉သိန်း သိမ်းဆည်းရမိ

0
182

မန္တလေးတွင် ဂိုဒေါင်နှင့်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ် ဆေးပြား၃၉သိန်း သိမ်းဆည်းရမိ

မန္တလေး၊စက်တင်ဘာ ၃

စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (၆၁)လမ်း၊ ၁၃၀ လမ်းနှင့် ၁၃၁ လမ်းကြားရှိ နေအိမ်နှင့် တွဲလျက်ရှိ ဂိုဒေါင်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များသိမ်းဆည်းရမိမှုတစ်ခုဖြစ်ခဲ့သည်။

မူးယစ်ဆေးပြားများကို မီးသွေးအိတ်များဖြင့် ဖုံးအုပ် သိုဝှက်ထားပြီး ဆာလာအိတ် ၁၆ အိတ် ဖြင့်ထည့်ထားခြင်းဖြစ်သည်။

သက်ဆိုင်ရာက မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင်အသုံးပြုသည့် FUSO အမျိုးအစား(၁၀)ဘီးမော်တော်ယာဉ် ၁ စီး၊ TOYOTA DYNA မော်တော်ယာဉ် ၁စီး၊ TOYOTA TOWN ACE မော်တော်ယာဉ် ၁ စီး တို့ကို သိမ်းဆည်းပြီး ဒေါ်စိန်ဌေး ဆိုသူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော် ထုတ်နေသည်ဟုသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here